{ part - 1 }

6.8K 157 5
                                    

💛💛အပိုင်း-၁💛💛
"မင်းနဲ့ငါကွာရှင်းရအောင်နုငယ်"

"ဟင်..."

နုငယ်နားထဲမိုးကြိုးပြစ်ချလိုက်သလို
ပြင်းထန်လှသည့်စကားတစ်ခွန်း...

မယုံကြည်နိုင်စွာကိုကို့ကိုမော့ကြည့်တော့
အေးစက်လွန်းတဲ့မျက်နှာကယခင်ကနုငယ်ပေါ်
အလွန်ချစ်ခဲ့တဲ့နုငယ်ရဲ့ခင်ပွန်း"မင်းကြည်သာ"
မဟုတ်တဲ့အတိုင်းအေးစက်ခက်ထန်နေခဲ့သည်။

နီထွေးသောနှုပ်ခမ်းတွေကတလှုပ်လှုပ်ဖြင့်
တုန်ယင်လာရပြီးခါးထောက်ကာရပ်နေသော
ကိုကို့၏လက်ကိုနုငယ်ထိပ်လန့်စွာ
ဆုပ်ကိုင်လိုက်ကာ...

"ကိုကိုဘာဖြစ်တာလဲဟင်
နုငယ်အပေါ်ဘာမကျေနပ်တာရှိလို့လဲ
ပြောပါကိုကို...နုငယ်ပြင်ပါ့မယ်
ကိုကိုမကြိုက်တဲ့ဟာတွေအားလုံးနုငယ်ပြင်ပါ့မယ်"

"ငါမင်းကိုစိတ်ကုန်သွားပြီနုငယ်"

"ရှင်...."

ကိုကိုကနုငယ်၏လက်တွေကိုရက်စက်စွာ
ဖြုတ်ချလိုက်သည်။
ပြတ်သားတော့မယ်ဆိုတဲ့အရိပ်ယောင်တွေက
ကိုကို့မျက်နှာမှာထင်ဟပ်နေကာမျက်ရည်ဥတွေက
နုနယ်တဲ့နုငယ်ပါးပြင်ပေါ်ကိုတလိမ့်လိမ့်စီးကျလာခဲ့
ရသည်။

"ငါတို့ဒီမှာပဲလမ်းခွဲကြတာပေါ့နုငယ်"

"ကိုကို ...ကိုကိုခဏနေပါအုံး
အဟင့်...ဟင့် ကိုကို"

နုငယ်မရှက်ရွံနိုင်တော့ပြီ...
ကိုကို့ကိုနုငယ်သိပ်ချစ်တယ်...
မိသားစုတွေတယောက်မှမရှိတော့တဲ့
နုငယ်ဘဝမှာကိုကို့ကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး...

"ကိုကို ဟီး ...ဟီး
ကိုကိုနုငယ်ကိုမထားသွားပါနဲ့!!!"

ကျောခိုင်းကာအိမ်လေးထဲကထွက်သွားတဲ့ကိုကို့နောက်ကို
နုငယ်ပြေးလိုက်လာခဲ့ရာဖိနပ်မပါတံခြေဖဝါးတွေက
ခဲချွန်ချွန်နဲ့ထိုးခွဲခြင်းခံလိုက်ရလေသည်။
သွေးစိမ်းရှင်ရှင်ထွက်ပြီးသေမတတ်နာကျင်
နေရတာတောင်မှနုငယ်မမှု့နိုင်ပဲကိုကို့ကိုတားဖို့မမှီမှာ
ကြောက်တဲ့စိတ်နဲ့ပြေးလိုက်လာခဲ့တော့
ရင်တစ်ခုလုံးကိုအစိမ်းလိုက်ခွဲလိုက်သော
မြင်ကွင်းကြီးတစ်ခါကနုငယ်ကိုကြိုဆိုနေခဲ့သည်။

ချစ်တယ်ကြမ်းမယ်Where stories live. Discover now