💛💛အပိုင်း-၁💛💛
"မင်းနဲ့ငါကွာရှင်းရအောင်နုငယ်""ဟင်..."
နုငယ်နားထဲမိုးကြိုးပြစ်ချလိုက်သလို
ပြင်းထန်လှသည့်စကားတစ်ခွန်း...မယုံကြည်နိုင်စွာကိုကို့ကိုမော့ကြည့်တော့
အေးစက်လွန်းတဲ့မျက်နှာကယခင်ကနုငယ်ပေါ်
အလွန်ချစ်ခဲ့တဲ့နုငယ်ရဲ့ခင်ပွန်း"မင်းကြည်သာ"
မဟုတ်တဲ့အတိုင်းအေးစက်ခက်ထန်နေခဲ့သည်။နီထွေးသောနှုပ်ခမ်းတွေကတလှုပ်လှုပ်ဖြင့်
တုန်ယင်လာရပြီးခါးထောက်ကာရပ်နေသော
ကိုကို့၏လက်ကိုနုငယ်ထိပ်လန့်စွာ
ဆုပ်ကိုင်လိုက်ကာ..."ကိုကိုဘာဖြစ်တာလဲဟင်
နုငယ်အပေါ်ဘာမကျေနပ်တာရှိလို့လဲ
ပြောပါကိုကို...နုငယ်ပြင်ပါ့မယ်
ကိုကိုမကြိုက်တဲ့ဟာတွေအားလုံးနုငယ်ပြင်ပါ့မယ်""ငါမင်းကိုစိတ်ကုန်သွားပြီနုငယ်"
"ရှင်...."
ကိုကိုကနုငယ်၏လက်တွေကိုရက်စက်စွာ
ဖြုတ်ချလိုက်သည်။
ပြတ်သားတော့မယ်ဆိုတဲ့အရိပ်ယောင်တွေက
ကိုကို့မျက်နှာမှာထင်ဟပ်နေကာမျက်ရည်ဥတွေက
နုနယ်တဲ့နုငယ်ပါးပြင်ပေါ်ကိုတလိမ့်လိမ့်စီးကျလာခဲ့
ရသည်။"ငါတို့ဒီမှာပဲလမ်းခွဲကြတာပေါ့နုငယ်"
"ကိုကို ...ကိုကိုခဏနေပါအုံး
အဟင့်...ဟင့် ကိုကို"နုငယ်မရှက်ရွံနိုင်တော့ပြီ...
ကိုကို့ကိုနုငယ်သိပ်ချစ်တယ်...
မိသားစုတွေတယောက်မှမရှိတော့တဲ့
နုငယ်ဘဝမှာကိုကို့ကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး..."ကိုကို ဟီး ...ဟီး
ကိုကိုနုငယ်ကိုမထားသွားပါနဲ့!!!"ကျောခိုင်းကာအိမ်လေးထဲကထွက်သွားတဲ့ကိုကို့နောက်ကို
နုငယ်ပြေးလိုက်လာခဲ့ရာဖိနပ်မပါတံခြေဖဝါးတွေက
ခဲချွန်ချွန်နဲ့ထိုးခွဲခြင်းခံလိုက်ရလေသည်။
သွေးစိမ်းရှင်ရှင်ထွက်ပြီးသေမတတ်နာကျင်
နေရတာတောင်မှနုငယ်မမှု့နိုင်ပဲကိုကို့ကိုတားဖို့မမှီမှာ
ကြောက်တဲ့စိတ်နဲ့ပြေးလိုက်လာခဲ့တော့
ရင်တစ်ခုလုံးကိုအစိမ်းလိုက်ခွဲလိုက်သော
မြင်ကွင်းကြီးတစ်ခါကနုငယ်ကိုကြိုဆိုနေခဲ့သည်။
YOU ARE READING
ချစ်တယ်ကြမ်းမယ်
Romanceကျွန်မကတစ်ခုလပ်ပါဦး... ဒါပေမဲ့ ကျွန်မကအသက်နှစ်ဆယ်သာသာ ရှိသေးတဲ့ ကြောက်တတ်တဲ့ကောင်မလေးတယောက်ပါ တစ်ခုခုဆိုငိုဖို့ပဲသိတဲ့မနူးမနပ်မိန်းခလေးတစ်ဦးပါ "ပျိုမြစ်နုငယ်"