💛💛အပိုင်း-၂💛💛
"ငါနဲ့သူနဲ့နှစ်ယောက်ထဲပဲရှိချင်တယ်
တခြားသူတွေအားလုံးထွက်သွားကြ!""ဟမ်..."
"ဟာ..."
အားလုံးစိုးရိမ်မျက်လုံးတွေနဲ့နုငယ်ကိုဝိုင်းကြည့်
ကြလေသည်။
နုငယ်ကိုယ်တိုင်လည်းခပ်တင်းတင်းဆုပ်ကိုင်
ခံထားရတဲ့လက်ကိုငုံ့ကြည့်၍ရင်ထဲမှာစိုးရွံမှု့နဲ့အတူ
လှိုက်ဖိုလာရသည်။
သူ့မျက်လုံးရီဝေဝေစူးစူးတွေကကြောက်ဖို့
ကောင်းလှသည်။"သွားကြလေ!"
"ဟုတ်...ဟုတ်ကဲ့သခင်လေး"
တခြားဆရာဝန်တွေနဲ့နပ်စ်မတွေဝရုန်းသုန်းကား
ထွက်သွားကြသည်။
နုငယ်မျက်လွှာချ၍လက်ကိုရုန်းထွက်မည်ပြုတော့..."မင်းနာမည်ဘယ်သူလဲ..."
"ဟင်..."
ဝိုင်းတက်လာတဲ့မျက်လုံးတွေကမဖြေချင်တဲ့ပုံမို့
ညိုးဟွန့်ခနဲမဲ့လိုက်ကာခပ်ဆတ်ဆတ်လေး
စောင့်ဆွဲချလိုက်တော့အိစက်တဲ့ကိုယ်လုံးလေးက
သူ့ပေါ်တည့်တည့်ကျလာ၏...ပခုံးတင်မကျကျောပြင်ကိုပါညိုးသိမ်းကျုံး
ဖက်ပြစ်လိုက်ပြီး...."ငါမေးနေတယ်မင်းနာမည်ဘယ်သူလဲလို့"
"ရှင်...ရှင်လွှတ်!"
နုငယ်ရွှေအရင်စုံကသူ့ရင်ဘက်နဲ့ပူးကပ်နေ၍
ရှက်ရွံစွာအတင်းပြန်ရုန်းထဖို့ကြိုးစားသော်လည်း
ခါးကနေဖိချထားတဲ့သူကနာမည်ကိုသာ
ခပ်မေးနေသည်။"မင်းနာမည်ဘယ်သူလဲလို့ငါမေးနေတယ်!"
"ကျွန်မကဘာလို့ဖြေရမှာလဲ!"
ရန်ပြန်တွေ့တဲ့မျက်လုံးလေးတွေကခပ်စူးစူး...
သင်းသင်းလေးရနေတဲ့သနပ်ခါးရနံ့လေးကို
ညိုးနှစ်ခြိုက်စွာရှုရှိုက်လိုက်ကာအသာပြုံးလိုက်၍..."သဘောကျတယ်ငါမင်းကို"
"ဟင်..."
အခန်းကြီးတစ်ခုလုံးကတိတ်ကျသွားသလိုပင်
ခံစားလိုက်ရကာကြောင်အမှင်သက်သွားတဲ့နုငယ်
သူပေါ်ပြိုလဲကျနေတဲ့ခန္ဓာကိုယ်ကို
အတင်းမတ်၍ရပ်လိုက်သည်။
သူပါလိုက်ထလာကာမပွင့်တပွင့်အပြုံးနဲ့...
ČTEŠ
ချစ်တယ်ကြမ်းမယ်
Romanceကျွန်မကတစ်ခုလပ်ပါဦး... ဒါပေမဲ့ ကျွန်မကအသက်နှစ်ဆယ်သာသာ ရှိသေးတဲ့ ကြောက်တတ်တဲ့ကောင်မလေးတယောက်ပါ တစ်ခုခုဆိုငိုဖို့ပဲသိတဲ့မနူးမနပ်မိန်းခလေးတစ်ဦးပါ "ပျိုမြစ်နုငယ်"