၉(ZG)

636 15 0
                                    

ဆောင်းဦးပေါက်စအချိန်၌ ဥတုမှာ သဟဇာတဖြစ်၍ ခရီးထွက်ရန် အကောင်းဆုံးရာသီပင် ဖြစ်သည်။ တက္ကသိုလ်တက်ခဲ့သည့် ခြောက်နှစ်တာကာလ၌ တစ်နှစ်လျှင် တစ်နေရာမဟုတ် တစ်နေရာသို့ သူငယ်ချင်းများစု၍ ခရီးထွက်ကြမြဲဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ သူငယ်ချင်းများ စုရန်လည်း မလွယ်တော့ပြီ။ သူငယ်ချင်းများသည် ကျောင်းပြီးစဖြစ်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်စ လူငယ်များဖြစ်နေလေပြီ။ တချို့ကလည်း အိမ်ထောင်ပြုခြင်းဆိုသည့် ဘဝထဲသို့ ပစ်ဝင်လိုက်ကြသည်။ ထိုအခါ သူငယ်ချင်းများသည် ဘဝမခြားသေးသော်လည်း ကမ္ဘာခြားသွားကြပြီဖြစ်၏။ သူငယ်ချင်းများ ဆုံတွေ့ရန်ဆိုသည်မှာ လွယ်ကူသည့် ကိစ္စရပ်မဟုတ်တော့။ ဆုံဖို့ ပြောလိုက်လျှင် မအားကြသူများသည်။ နိုင်ငံ့ခေါင်းဆောင်များထက်ပင် အလုပ်များကြသေးသည်။ သမ္မတအချင်းချင်းဆိုလျှင်တောင် တစ်နှစ်လျှင် တစ်ခါတော့ တွေ့ဖြစ်ကြလိမ့်မည်။ မိမိတို့ သူငယ်ချင်းများမှာကား တစ်နှစ်လျှင် တစ်ခါတွေ့ဖို့ အအချိန်ဇယား ပြန်စီစဉ်ရပေလိမ့်မည် ထင်သည်။

နေခြည်နွေးသည် ဘာရယ်မဟုတ်။ ကြည်လင်သော ရာသီဥတုကို ကြည့်၍ ခရီးထွက်ချင်စိတ်ပေါက်လာကာ သူငယ်ချင်းများကို တစ်ခဏသတိရမိသွား၏။ စားပွဲပေါ် လက်ထောက်ကာ မေးတင်ရင်း စဉ်းစားခန်း ဝင်နေမိသည်။ ဒီနေ့ စာရေးမည်ဆိုကာ မနက်ကတည်းက စားပွဲရှေ့ထိုင်နေသော်လည်း ကျောင်းတုန်းက ခရီးထွက်ခဲ့ပုံများကို သတိရသွားသဖြင့် လျှောက်တွေးနေမိပြန်၏။ ဇွဲကပင်တောင်သို့ သွားခဲ့သည့်ခရီးကို မှတ်မှတ်ထင်ထင် ရှိနေသဖြင့် ဖုန်းထဲမှ ဓာတ်ပုံများကို ပြန်ကြည့်ရင်း အတိတ်ယာဉ်ကြော၌ ပိတ်မိနေ၏။

"နေနေ မင်းဘာလုပ်နေလဲ"

အန်တီလွင်သည် လက်ထဲတွင် ခွက်တစ်ခွက်ကိုင်ကာ နေခြည်နွေးဘေးသို့ ထိုင်ချလိုက်သည်။ ထို့နောက် ခွက်ကို နေခြည်နွေးရှေ့က စားပွဲပေါ်သို့ တင်သည်။ ခွက်ထဲမှ အငွေ့တို့သည် အရှိန်ဖြင့် အပေါ်သို့ တက်နေကြသည်။ အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီခွက်သည် မိုးအေးအေး၊ ဆောင်းအေးအေးနှင့် ပနံရလှသည်။

နေခြည်ဖြာမှနွေးသောကြောင့်Where stories live. Discover now