9တိမ်တောင်နှောင်ကြိုးအပိုင်း ၉
မိုးရာသီထဲဩဂုတ်လလဆန်းမှာစီစီ့ခလေးမျက်နှာမြင်ရပါသည်။
နေ့ခင်းကတည်းကစီစီဗိုက်စနာတော့ကိုကိုအိမ်မှာရှိနေတာနဲ့ဟိုဘက်အိမ်ကိုအကြောင်းကြားကာ
အားလုံးပြင်ဆင်ပြီးဂျမခန်နာဆေးရုံကိုပို့ကြသည်။အစကသားဖွားဆရာမနဲ့အိမ်မှာပဲမွေးဖို့ဗိုက်အပ်ထားတာကို ကိုကိုသိတော့လက်မခံပဲဆေးရုံမှာပဲမွေးဖို့အခြေအတင်ဖြစ်ကြသေးသည်။
"စီစီကသားဦးမွေးမှာဆိုတော့ဆေးရုံမှာမွေးတာကစိတ်ချရတယ်၊ တစ်ခုခုဆိုအိမ်မှာဘာမှလုပ်လို့မရဘူး
ဆေးရုံမှာမှဆရာဝန်နဲ့ဆေး အချိန်ပြည့်ရနိုင်တာ"" ညည်းယောက်ျားပိုင်းလော့ကကိုတတ်ပပဲအေ။
ငါတို့များခလေးတွေမွေးပေးလာတာမနည်းတော့ပေါင်... သူ့ကြမှကဲကဲသဲသဲ"ဒါပေမယ့်လည်းပစ်တော့မထားနိုင်ကြပါဘူး၊ကိုကိုသွားခေါ်တော့ဒေါ်ကြီးတို့ဒေါ်လေးတို့ကခြင်းတောင်းကြီးငယ်နဲ့၊ဖွားဖွားတို့မမတို့တစ်အုပ်ကြီးနဲ့ဆေးရုံရောက်လာရသည်။
စီစီကတနေ့ခင်းလုံးဗိုက်ပဲလှိမ့်နာပြီးမမွေးသေးဘူး၊
ကိုကိုကညဘက်လေယာဉ်လိုက်ဖို့ရှိတော့
" သွားလုပ်ပါ မင်းမသွားရင်ဘယ်လိုလေယာဉ်ထွက်မလဲ၊ စီစီကိုတို့တွေနဲ့ထားနဲ့ ဘာမှစိတ်မပူနဲ့
မင်းရှိနေလည်းကူညှစ်ပေးလို့ရတာမဟုတ်ဘူး"ကိုကိုကစီစီ့လက်ကလေးကိုဖြစ်ညှစ်တာ..
" စီမကြောက်နဲ့နော် ဒီမှာဆရာဝန်ကောလူကြီးတွေကောရှိတယ်နော်။
ကိုကိုကတစ်ခေါက်အသွားအပြန်ဆိုသိပ်မကြာပါဘူးအမြန်ဆုံးပြန်လာခဲ့မယ်နော်..."ကိုကိုခမျာမယားကိုနောက်ဆံတင်းတင်းနဲ့လေယာဉ်လိုက်သွားရသည်။
ဆယ့်ငါးနာရီလုံးအသဲအသန်ဗိုက်နာပြီးမှညလယ်မှာတကယ်မွေးတော့သည်။ကံကောင်းထောက်မနဲ့စနေကိုကျော်ပြီးတနင်္ဂနွေနေ့မှာမွေးတာကျေးဇူးတင်ရမည်။
ဘာကြောင့်လဲဆိုတော့ သားဦးစနေ၊မီးလိုမွှေ* တယ်ဆိုပြီးစီစီ့ရင်သွေးအားစီစီအပြောမခံလိုပါ။သမီးလေး၊ ကိုကို့လိုပဲတနဂ်နွေဖွားလေး။
စီစီ့အစ်မမငိုကလည်းသမီးတွေချည်းမွေးထားတာဆိုတော့အမျိုးထဲမှာသားယောက်ျားလေးမမြင်ရတာကြာပြီဖြစ်၍ အကုန်လုံးကသားရဖို့မျှော်လင့်နေတာ သမီးဆိုတော့စိတ်ပျက်သွားကြတဲ့ပုံပဲ။
YOU ARE READING
တိမ်တောင်နှောင်ကြိုး Complete
General Fiction၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထောင်ရေးဇတတ်လမ်းတစ်ပုဒ်