Chapter-10 unicode

6.3K 243 9
                                    


10.တိမ်တောင်နှောင်ကြိုး

             အပိုင်း-၁၀

ကိုကိုအိမ်ပြန်လာတုန်းကိုကို့ခရီးဆောင်သရေအိတ်ထဲကနေလျှော်စရာအဝတ်တွေထုတ်ယူတုန်း..
အထဲမှာဖိတ်စာတစ်စောင်တွေ့တာနဲ့..
" ဒါဘယ်သူလဲဟင်..."
" ကိုကို့ဆရာရဲ့သမီးမင်္ဂဆောင်တာ.."
" သြော် ဒါဆိုကိုကိုသွားရမှာပေါ့..."
" သွားရမှာပေါ့ ကျေးဇူးရှင်ပဲဟာ..
ကိုကို့ကပ္ပတိန်ဖြစ်ဖို့ဆရာကအကူအညီအများကြီး
ပေးခဲ့တာ.."
" ဒါဆို စီစီကောလိုက်ရမလားဟင်... "

ကိုကိုကမျက်ခုံးပင့်ပြီးအံ့သြဟန်နဲ့ကြည့်သည်။
" ဘာလို့လဲ အဲ့မှာအကုန်အင်္ဂလိပ်လိုတွေပြောကြတာမို့လား.."
အဲ့တော့မှကိုကိုရယ်ပြီး..
" မဟုတ်ပါဘူး၊ ကိုကို့မိန်းမကဘယ်တုန်းကမှကိုကို့
နောက်ကိုမလိုက်ဖူးတော့ ထူးဆန်းနေတာပေါ့.."

ဒါလည်းဟုတ်ပါတယ်၊စီစီကလက်ထပ်ပြီးပြီးချင်းမှာကိုယ်ဝန်ရတာဆိုတော့ဗိုက်နဲ့မို့ကိုကို့နောက်ကိုမလိုက်ချင်ခဲ့ဘူး။ ခလေးမွေးလာတော့ပိုဆိုးပေါ့..
သမီးကအခုထိလက်လွှတ်လို့မှမရသေးပဲ။

ဒါပေမယ့်ဒီတစ်ခါတော့ကိုကိုနဲ့အတူပွဲတတ်ချင်စိတ်ဖြစ်မိတာကြောင့်သမီးလေးကိုဟိုဘက်အိမ်မှာ
ခဏထားခဲ့ပြီးလိုက်ဖို့တွေးသည်။
ကိုကိုကလည်းလိုက်ချင်လိုက်ခဲ့လေဆိုတော့အဝတ်အစားကိုကမန်းကတမ်းပြင်ဆင်ရသည်။

ကရဝိတ်ဟော်တယ်မှာဆောင်တာဖြစ်၍အိမ်နဲ့သိပ်
မဝေးပါဘူး။
စီစီကပိုးအကျီပန်းနုရောင်နဲ့ကြိုးကြီးချိတ်ထဘီဝတ်
ကာဆံပင်ကိုမမကြီးတို့ကပြင်ဆင်ထုံးပေးကြသည်။
ရေမွှေးနှင်းဆီပန်းပန်ပြီးပုဝါပါးလေးခြုံထားတဲ့စီစီ့ကို..ကိုကိုကကြည့်ပြီး..
" ဟား ကိုကို့မိန်းမကောဟုတ်ရဲ့လားကွာ..."
" စီစီကအရင်ကတည်းကလှပါတယ်နော်၊ ကိုကိုနဲ့
ယူပြီးခလေးမွေးလိုက်ရလို့သာ.."
" ဒါဆို ကိုကိုမကောင်းလို့ပေါ့...
ကိုကို့မိန်းမအလှမပျက်သွားအောင်ခလေးမမွေးခိုင်းခဲ့သင့်ဘူး..."
" အခုကောမလှတော့လို့လား.."
" လှပါတယ်ဆို.."
" အမျိုးမျိုးပြောနေတာပဲ..."
" စီ့ မိတ်ကပ်တွေပြန်ဖျက်လိုက်ပါလား..."
" ဘာလို့လဲ..."
" သတို့သမီးကကိုကို့မိန်းမလောက်မလှလို့..တော်ကြာထိုင်ငိုနေတော့မယ်..."
" ဟီး ကိုကိုကလည်း... "

တိမ်တောင်နှောင်ကြိုး Complete Where stories live. Discover now