Episode - 18

1K 142 40
                                    

unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

unicode

" ဟို ...ဂျယ်လီတေစားတာနဲ့ ဖတ်တောင် မဖတ်ရသေးဘူး "

soojin က မျက်လုံးလေးကလယ်ကလယ်နဲ့ ပြောလာတာမို့ yoongi ဘာ​ပြန်ပြောရမှန်းမသိတောင်ဖြစ်သွားရသည် ...အခုဟာက မဟုတ်သေးပါဘူး ဘယ်လိုဖြစ်လို့ soojin က လုံး၀ကို ကလေးလေးတစ်ယောက်လိုပုံစံကို ပြောင်းသွားရတာလဲ ..

" အာ့ဆိုလည်း အခန်းထဲရောက်တော့မှ မြန်မြန်ဖတ်လိုက်ရင် အဆင်ပြေလောက်မှာပါ ...အခုတော့ရောက်ပြီဆိုတော့ အ၀တ်လဲဖို့အရင်ဆုံး အခန်းထဲကိုသွားရအောင် "

" ဇာတ်ညွှန်းက နည်းနည်းလေးမှားတာနဲ့ ဆူခံရမှာလား ...jin ကြောက်တယ် ပြီးတော့စိုးလည်းစိုးရိမ်တယ် "

" မဆူပါဘူး ..ဒါပင်မဲ့ soojin က ခဏခဏ မှားရင်တော့ ပြန်ပြီး scene တေကိုခဏခဏရိုက်နေရရင် soojin ပဲပိုပင်ပန်းမှာလေ ...ကဲပါ အရင်ဆုံးကားပေါ်ကဆင်းရအောင် "

yoongi က ကားပေါ်ကဆင်းသွားတာမို့ seokjin ကားပေါ်ကဆင်းလိုက်သည် ...ဆင်းလိုက်မိတာနဲ့ သူ့ရှေ့က မြင်တွေ့လိုက်ရတဲ့ company အဆောက်အဦးကြီးကြောင့် သူဒီအဆောက်အဦးကို ရင်းနှီးနေသလိုခံစားလိုက်ရသည် ...

" လာလေ Soojin သွားရအောင် ဇာတ်ညွှန်းလည်းမဖတ်ရသေးဘူးဆို နောက်ကျနေလိမ့်မယ် ..မြန်မြန်သွားရအောင် "

yoongi ရဲ့ စကားကြောင့် seokjin မြန်မြန်လေး yoongi ရဲ့ လက်ကိုဆွဲလိုက်ကာ လာလိုက်လိုက်စဥ်မှာပဲ တစ်နေရာရောက်တော့ ကောင်မလေးတေက သူ့ကိုခေါင်းငုံ့ပြသွားကာ နှုတ်ဆက်သွားတာမို့ seokjin ထိုကောင်မလေးတေကို ခေါင်းငုံ့ကာ ပြန်နှုတ်ဆက်လိုက်မိသည် ..သို့သော်လည်း manager yoongi က သူ့ကို အတင်းဆွဲခေါ်လိုက်တာမို့ ကောင်းကောင်းတောင် မနှုတ်ဆက်လိုက်ရ ...

Can You Please Stay ?Donde viven las historias. Descúbrelo ahora