Mask တစ်ဖက်ကို လှမ်းဖြုတ်ခံလိုက်ရတာမို့ seokjin မျက်နှာတစ်ဖက်ကိုစောင်းလိုက်ကာ mask ကို မြန်မြန်ပြန်တပ်ဖို့ လုပ်လိုက်ချိန်မှာပဲ" လွမ်းနေခဲ့တာ ..မင်းရဲ့ နှုတ်ခမ်းဖူးဖူးလေးကို "
koo ဆီက ကြားလိုက်ရတဲ့ စကားသံလေးကြောင့် သူ့ရဲ့ ရင်ဘတ်နေရာက တဒိတ်ဒိတ်ခုန်လာရပြန်သည် ..သူကိုယ်တိုင်လည်း သူ့ရဲ့ မသိစိတ်က koo ကို မျှော်လင့်နေခဲ့မိတာ ..ဒါပင်မဲ့ လူဆိုတာမဖြစ်သင့်တဲ့ အရာကို အစတည်းက မကျူးလွန်ဖို့ ထိန်းချုပ်ရတယ်မလား ...ထို့ကြောင့် seokjin မျက်ရည်မကျအောင် မနည်းတင်းခံလိုက်ကာ mask လေးကို ပြန်တပ်လိုက်ချိန်မှာပဲ koo က သူ့ဆီက mask ကို လုယူသွားကာ အေ၀းကို လွှင့်ပစ်ပလိုက်တာမို့ seokjin koo ကို မျက်ရည်အ၀ိုင်းသားလေးနဲ့ ပြန်ကြည့်လိုက်မိကာ
" ခင်..ခင်ဗျား ဒါဘာလုပ်တာလဲ ..ကျွန်..ကျွန်တော့်ဆိုင်ကို လာပြီး အဲလိုလုပ်ခွင့်မရှိ .."
ဟန်မဆောင်တတ်ဘဲ ဟန်ဆောင်ပြီး အလိမ်အညာစကားလေးတေကို ထစ်ထစ်ငေါ့ငေါ့ပြောနေတဲ့ ကောင်လေးကို ခါးသိမ်သိမ်လေးကနေ သူ့ရင်ခွင်ထဲဆီ အားနဲ့ သိမ်းကြုံးယူကာ jungkook ဖက်လိုက်တော့ လက်သေးသေးလေး ရဲ့ မျက်၀န်း၀ိုင်း၀ိုင်းလေးတေက ငိုတော့မဲ့ဆဲဆဲသာ ရှိတော့သည် ..အရည်ကြည်လေးတေက ပြည့်လျံနေကာ မျက်၀န်းတေကို မကျအောင်မနည်းထိန်းထားရတာမို့ မျက်သားလေးတေကရဲတက်နေတော့၏
" မင်းကိုယ့်ကို မှတ်မိတယ်ဆိုတာ ကိုယ်သိတယ် လက်သေးသေးလေး "
koo ရဲ့ သမင်မျက်၀န်းတေက ညို့အားပြင်းလွန်းတာမို့ seokjin မျက်တောင်တေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ koo ရဲ့အကြည့်တေကနေ ရှောင်လွဲလိုက်ပြီး
" မ ...မသိဘူး ..ခင်ဗျားကို ကျွန်တော်သိတောင်မသိဘူး "
" မင်းလေးကလေ အရင်တည်းက မလိမ်တတ်သလို အခုထိလည်း သေချာမလိမ်ညာတတ်ဘူး ..မင်းရဲ့ မျက်၀န်းတေက ကိုယ့်ကိုဘယ်တုန်းကမှလိမ်ညာလို့မရဘူး လက်သေးသေးလေး ...မင်းရဲ့ မျက်၀န်းတေကို ကိုယ်မှတ်မိတယ် ...အခုမင်းပြောနေတာတေက လည်း အကုန်ကိုယ့်ကို လိမ်နေတယ်ဆိုတာ ကိုယ်သိတယ် "

YOU ARE READING
Can You Please Stay ?
Fanfictionမင်းနဲ့တွေ့ဆုံရတာက ရေစက်ကြောင့်ခဏတာပဲဖြစ်မယ်ဆိုရင်တောင် ထာ၀ရအတွက်ဖြစ်တည်လာအောင် ကိုယ်ကလုပ်ယူမှာ ..စတွေ့ကတည်းက သတိထားမိခဲ့တဲ့ ပါးမို့လေးတေကို မြတ်နိုးရသလို ပြုံးလိုက်တိုင်းထိုပါးမို့လေးတေကပိုမို့လာတာမို့ ပိုမြတ်နိုးရသည် ...ထိုအပြုံးတေရဲ့ အကြောင်းရင်း...