Chapter 7

3K 563 19
                                    


Unicode

    
စူးယိရန် ဆိုင်ရောက်တော့ ကောင်းကင်ကြီးက မြူဆိုင်းနေတုန်းဖြစ်ပြီး အပြည့်အဝ မကြည်လင်သေးပေ။
    
သည်နေ့ဟာ တနင်္ဂနွေနေ့ပေမို့ ဆိုင်သည်လည်း မနေ့ကလိုပင် ဆိုင်သစ်တစ်ခု၏  activities များကို ဆက်လက်လုပ်ရမည်ဖြစ်ရာ အလွန်အလုပ်ရှုပ်ပေဦးမည်ပင် ဖြစ်၏။
    
သည်နေ့ လုပ်ငန်းဆောင်တာအတွက်လုပ်ရမည့်အလုပ်အကုန်နီးပါးကို သူတစ်ယောက်တည်း လက်စသတ်လိုက်ပြီး ၈နာရီမထိုးခင်မှာတော့ အချိန်ပိုင်းအလုပ်သမားတွေက တစ်ယောက်ပြီးတစ်ယောက် အလုပ်လာကြလေသည်။
    
ရှောင်ဝမ်က အရင်ဆုံးရောက်သူဖြစ်သည်။ စူးယိရန်တစ်ယောက်တည်း ဆိုင်ကို ပြင်ဆင်ထားနှင့်ပြီဆိုတာကိုမြင်လိုက်တော့ သူမအံ့ဩသွားကာ စူးယိရန်ကို ကူလုပ်ပေးဖို့ အပြေးအလွှားလှမ်းလာသည်။

"လောင်ပန် ဒီနေ့စောလှချည်လား"
    
စူးယိရန်မှာ အားတင်းပြုံးလိုက်ရသည်။
    
ဆိုင်သည် မနေ့ကလိုပင် အလွန်အလုပ်များနေခဲ့ပါ၏။ မနေ့ကလာသော ကာစတန်မာအမြောက်အများဟာ သည်နေ့လည်း ထပ်လာစားကြသည်မို့ စူးယိရန်နှင့် ဝန်ထမ်းလေးယောက်မှာ ကြမ်းနှင့်ခြေထောက် မထိလောက်အောင် အလုပ်များနေကြတော့သည်။
    
အလုပ်များရင်း၊ များရင်းဖြင့် သူဟာ မနက်ကကိစ္စကို ဒေါသထွက်နေဆဲဖြစ်ပြီး နေ့လည်ပိုင်းလောက်မှာ ထိုကိစ္စကို မသိလိုက်ဘာသာ မေ့လျော့သွားကာ ထပ်သတိရလာချိန်မှာတော့ သူ စိတ်ငြိမ်သွားပြီဖြစ်သည်။
    
ဤကိစ္စက သည်လောက်နှစ်အကြာကြီးအတွင်း ဇနီးမောင်နှံကြားမှာ စကားများရန်ဖြစ်ဖူးသည့် ပထမဆုံးအကြိမ်ပင်။ လွန်ခဲ့သည့်နှစ်များစွာအတွင်းမှာ နှစ်ယောက်သားဟာ ဘယ်တုန်းကမျှ ဒေါသကြီးခဲ့တာမျိုး မရှိဖူးသလို ရံဖန်ရံခါကြုံရတတ်သည့် ကတောက်ကဆအသေးအမွှားများဟာလည်းအမြန်အဆန် ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်သာ ဖြစ်သည်။
    
စူးယိရန် စိတ်အေးအေးထားလိုက်သည်။ ဒါပေါ့ အိမ်ထောင်တစ်ခုမှာ ပြဿနာမျိုးစုံကတော့ ရှိတတ်စမြဲပင်။ ထိုပြဿနာတွေကို ကျကျနနဖြေရှင်းတတ်ဖို့သာ လိုပါ၏။
    
သည်တစ်ခေါက် ကုယွမ်းထင်လုပ်တာက သိပ်ပြင်းထန်သည့်အမှားမျိုးမှ မဟုတ်သည်ပဲ။ဆိုတော့ သူ့ကို ခွင့်လွတ်ပေးကာ ခုည စကားကောင်းကောင်းပြောကြရပေမည်။
    
အိမ်ထောင်တစ်ခုကို စီမံတတ်ဖို့ဟူသည် ခင်ပွန်းသည်ရော ဇနီးသည်ကပါ သည်းခံထားဖို့နှင့် အပေးအယူမျှတတတ်ဖို့ အများကြီးလိုပေသည်။
    
ဒါကိုတွေးမိတော့ စူးယိရန် စိတ်သက်သာရာရသွားကာ မနက်ကလောက် ဖိစီးမနေတော့ချေ။
    
နေစောင်းသွားတော့ ဆိုင်က ခဏမျှ အားလပ်သွားသည်။ဝန်ထမ်းလေးယောက်နှင့်အတူ ပါဆယ်မှာစားနေစဥ် သူ့နံဘေးက ရှောင်ဝမ်က ရုတ်တရက် မေးလာ၏။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now