Part-1

100 9 2
                                    

(Unicode)

ညသန်းခေါင်ယံအချိန်တွင် လရောင်အောက် အဝေးပြေးလမ်းမထက်ဝယ် အမည်မသိကောင်လေးတယောက် ပြေးလွှားနေခဲ့သည်။
ထိုကောင်လေးမှာ အဖြူရောင်အင်္ကျီshirtလက်ရှည်ကိုဝတ်ဆင်ထား၏ပြေးလွှားခြင်းကြောင့်လေယူတိမ်းရာအရပ် ငွေမျှင်ရောင်ဆံသားတို့က တလွင့်လွင့်ပင်။‌ထိန်ထိန်လင်းနေသော လမင်းအလင်းရောင်တို့က ထိုကောင်လေး၏လှပမှုကိုထင်ဟပ်စေသည်။

"ငါပင်ပန်းနေပြီ"

မောပန်းခြင်းအလျဉ်းမရှိ အဆုံးမဲ့စွာပြေးလွှားနေခဲ့သည်။ဝေ့ဝဲနေသောမျက်ရည်စတို့ကြောင့် အရှေ့ကိုပင် ကောင်းကောင်းမမြင်နိုင်တော့ချေ။အလင်းရောင်စူးစူးအားမြင်တွေ့လိုက်ရ၍ မျက်လုံးအစုံတို့ကို မှိတ်ချပစ်လိုက်သည်။

"ဒုန်း"

တဟုန်တိုး မောင်းနှင်လာသောကားအရှိန်ကြောင့်  ထိုကောင်လေး၏ခန္ဓာကိုယ်မှာ လေပေါ်သို့ပင် မြှောက်တက်သွား‌ေလသည်။တီရှပ်အဖြူရောင်သည်လည်း နီရဲရဲသွေးရောင်တို့ ညစ်စွန်းသွားတော့သည်။ မျက်ခမ်းထောင့်မှမျက်ရည်စတို့ ကျဆင်းနေရင်း နှုတ်ခမ်းပါးတို့ကတော့ လှလှပပပင် ပြုံးနေခဲ့ကာ သူ၏ မျက်လုံးများမှေးစက်သွားလေပြီ...။

"ဝုန်း" ကနဲထွက်လာသော ထိုအသံကြောင့် ကားထဲရှိအသက်ကြီးကြီးလူတစ်ယောက် အလန့်တကြားပြေးဆင်းလာခဲ့သည်။

"ဟာ ကောင်လေး အဆင်ပြေရဲ့လား"

"ငါဘယ်လိုလုပ်ရမလဲ သူအသက်ရောရှုရဲ့လား"

‌ထိုလူသည် အပြစ်ကြီး"မား"လုပ်ထားသော လူတစ်ယောက်ကဲ့သို့ပင် တုန်လှုပ်ခြောက်ခြားစွာဖြင့် ဆေးရုံကားကိုပင်အလျင်အမြန်ဆက်တိုက်ခေါ်နေတော့သည်။

မိနစ်ပိုင်းအကြာတွင် ကျယ်လောင်သံနှင့်အတူ ဆေးရုံကား တစ်စီးဆိုက်ရောက်လာကာ သွေးအိုင်ထဲ တွင်ပစ်လဲနေသော ထိုကောင်လေးအား ကားပေါ်သို့ တင်ခေါ်ပြီး ဆိုးဂျူလ် ဆေးရုံကြီးသို့ ဆိုက်ရောက်လာခဲ့သည်။

ဆေးရုံထဲသို့အဝင် ကုတင်ပေါ်တွင် သွေးမရှိတော့သယောင်ဖြူဖျော့ကာ သတိလစ်နေသော ထိုကောင်လေးအား အပြေးလွှား သယ်ဆောင်လာရင်း

"မမေ့ရက်နိုင်သော"Hikayelerin yaşadığı yer. Şimdi keşfedin