(Unicode)
Flash back...
"ထယ်ယောင်းရေ ကျောင်းနောက်ကျတော့မယ်နော်"
အိပ်ယာထနောက်ကျတတ်သော ထယ်ယောင်းကို ထယ်ယောင်းအမေမှအမြဲပင် နိုးနေရသည်။ထိုသည်မှာမနက်တိုင်းအမြဲကြားနေရသည့် အသံပင်
ထယ်ယောင်းတစ်ယောက် အိပ်ယာမှထရျ် ရေအမြန်ချိုးကာ ကျောင်းသွားဖို့အလျင်အမြန် ပြင်ဆင်ရတော့သည်။
ရေမိုးချိုးပြီးသည်နှင့် ကျောင်း uniform လဲကာ ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်လိုက်ရင်း သပ်"ရပ်"ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ငွေမျှင်ရောင်ဆံပင်ခပ်အုပ်အုပ်ဖြင့် အသားညိုညို ထိုကောင်လေးဟာ uniform အမဲရောင်နှင့်လိုက်ဖက်စွာပင် ကြည့်ကောင်းသည်ထက်ပိုလွန်းလှသည်။ကျောင်းအချိန်နောက်ကျနေသော ထယ်ယောင်းတစ်ယောက် မနက်စာပြင်ထားသည်ကိုပင် မမြင်နိုင်တော့ပဲ အလျင်အမြန်ပြေးထွက်သွားလေသည်။
"မနက်စာမစားသွားတော့ဘူးလား"
"နောက်ကျရင် ဒိုက်ထိုးရမှာမို့လို့ သွားတော့မယ် မစားတော့ဘူး "
"ဒီကောင်လေးနှယ့်"
အမဲရောင်လယ်သာလွယ်အိတ်ကလေးအား ဘေးတစောင်းလွယ်ကာ ကားမှတ်တိုင်သ်ို့ပင်တချိုးထဲပြေးတော့သည်။
__________________________________
"ထယ်ယောင်းမနေ့ညက ငါgroup chatထဲမှာ ပို့လိုက်တဲ့vd ကိုမင်းကြည့်လိုက်လား""ငါကဘာကိုကြည့်ရမှာလဲ''
''ကျောင်းမှာနာမည်ကြီးတဲ့ ဟိုcouple ရဲ့hdလေကွာ အဲ့စော်က ငါတို့ကျောင်းရဲ့ စံပြကျောင်းသူလေ''
'' မကြည့်လိုက်ဘူး ညက ငါocသင်နေတာ''
''မင်းလိုစာတွေပဲလုပ်ချင်စိတ်ရှိနေရင် ငါတို့ကျောင်းမှာ လူတော်တွေများနေလောက်ပြီ''
''စာမေးပွဲက နီးနေပြီ မင်းအဲ့တိုင်းပဲသူများ ကိစ္စတွေလိုက်စပ်စုမနေနဲ့ အမှတ်နည်းရင် တက္ကသိုလ် ဝင်ခွင့်ရမှာမဟုတ်ဘူး''
''ေဟ့ကောင် ငါက ဂျီဆော့ပါကွ အနီးကပ်မှကပ်လုပ်လဲ အောင်မှတ်ရတယ်''
ထယ်ယောင်းကတော့ မနိုင်ဘူးဆိုတဲ့မျက်နှာဘေးဖြင့်သာ
"လာပါကွာ အတန်းစတော့မယ်"
YOU ARE READING
"မမေ့ရက်နိုင်သော"
Fanfictionဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ Start_January .14 .2023