Chapter - 14

3K 483 35
                                    


"တဆိတ်လောက်ပါ။ စာရေးဆရာမတစ်ယောက်ရဲ့အမှုကို တာဝန်ယူခဲ့တဲ့ အမျိုးသမီးစုံစမ်းရေးမှူးဆီ ဘယ်လိုဆက်သွယ်ရမလဲ"

ရဲစခန်းထဲမရောက်ခင် အထဲကထွက်လာတဲ့ အရပ်ဝတ်နဲ့ အမျိုးသားတစ်ယောက်ကို လီဆာ လှမ်းမေးလိုက်မိသည်။ ခါးမှာလည်း သေနတ်ချိတ်ထားတော့ အပြင်လူမဟုတ်မှန်း သိလိုက်ရတာကြောင့်။

"တို့ကို ရှာနေတာ ဘာလို့လဲ"

အရပ်ဝတ်နဲ့ ထိုအမျိုးသားဟာ လီဆာ့ရဲ့ အနောက်ဘက်ကိုကြည့်ပြီး အလေးပြုကာ ပြန်ထွက်သွားသည်။ ထိုအခါ လီဆာလည်း အနောက်ကို လှည့်လိုက်မိသည်။ တော်တော်လေးလှတဲ့ မိန်းမတစ်ယောက်က လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်ပြီး လီဆာ့ကို ရပ်ကြည့်နေတာ။ အသံကို မှတ်မိနေတော့ ဒီအမျိုးသမီးက လီဆာရှာနေတဲ့လူမှန်း တပ်အပ်သိခဲ့ရတယ်။

"ဆရာမအကြောင်း ပြောစရာရှိလို့ပါ။ တိုင်ပင်ချင်တာဆို ပိုမှန်မယ်ထင်ပါတယ်"

"တို့နောက်လိုက်ခဲ့ပါ"

မျက်လုံးမှာ အရောင်တွေ တောက်သွားတဲ့ ထိုစုံစမ်းရေးမှူးဟာ ဂျဲန်းနီရဲ့အမှုကို အတော်လေး စိတ်ဝင်တစားရှိနေသည့်ပုံလို့ လီဆာ ထင်မိတယ်။

"ပြောလို့ရပါပြီ"

အလုပ်စားပွဲအရှေ့ထိုင်နေတဲ့ လီဆာ့အရှေ့ကို ကော်ဖီတခွက်ချပေးလာတဲ့ ထိုအမျိုးသမီးကြောင့် မျက်ခုံးပင့်သွားမိတယ်။

"မထူးဆန်းပါနဲ့။ ရှင့်ဆီကနေ ကော်ဖီအနံ့တွေရတော့ ကော်ဖီကြိုက်မယ်ထင်လို့"

ဒီစုံစမ်းရေးမှူးဟာ ပေါ့သေးသေးတော့မဟုတ်။ လီဆာ့အရှေ့က သူ့နေရာမှာ ဝင်ထိုင်သည်အထိ စောင့်နေပြီးမှ စကားစရတယ်။

"ကျွန်မက စာရေးဆရာမရဲ့ အမာခံစာဖတ်သူပါ။ ဆရာမမှာ အဒေါ်တွေ ဘာတွေ ရှိတယ်လို့ မကြားမိသလို သူက သူ့ကိုယ်သူ သတ်သေပစ်မယ့် မိန်းမမျိုးလည်း မဟုတ်ပါဘူး။ အဲ့တော့ အမှူကို ပြန်စစ်ပေးလို့ရနိုင်မလား"

"တို့ နာမည် ကင်မ်ဂျီဆူးပါ"

သူ့နာမည်ကိုပြောပြီး ထိုင်နေရာကနေ ထသွားသည်။ ပြီးတော့ သူ့အလုပ်စားပွဲ အနောက်က ပိတ်စအဖြူကို ဆွဲချလိုက်တဲ့အခါ white board ပေါ်မှာ ကပ်ထားတဲ့ ဂျဲန်းနီရဲ့ အခင်းဖြစ်ခဲ့တဲ့ နေရာက ဓာတ်ပုံတွေဟာ အများအပြား။ ဒါတွေကိုမြင်ပြီး လီဆာ ရှော့ရသွားတယ်။

If you stay (The women)Opowieści tętniące życiem. Odkryj je teraz