(20)

36 6 2
                                    

လကုန်ရက် အချိန်ပိုင်းအလုပ်နောက်ဆုံးည။ တကယ်တမ်း ဒီည Hobi hyungရဲ့ကုမ္ပဏီလုပ်ငန်းအသစ်တိုးချဲ့ခြင်းမိတ်ဆုံစားပွဲကို Heaven ရှိ Hallတွင်လုပ်တာဖြစ်ပြီး ဂျီမင်းကိုလဲ ဖိတ်ထားခြင်းပေ။

သို့သော် လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှုတ်ဆက်ချင်သေးတာကြောင့် ပွဲတက်ဖို့ကို ဂျီမင်း ငြင်းလိုက်ခြင်း။

ဖြစ်ချင်တော့ service ပေးဖို့ ဝန်ထမ်းလိုနေ‌ေသးတော့ ဝန်ထမ်းတချို့ထပ်လာခေါ်တဲ့အထဲ Jimin ပါသွားတာ။

မထူးပါဘူး၊ Hyung နဲ့တွေ့တော့ ဂုဏ်ပြုပေးလို့ရတာပေါ့‌!

အစားအသောက်တန်း၌ ဂျီမင်း တာဝန်ယူပေးရတာဖြစ်ပြီး မိနစ်၃၀လောက်အကြာတွင် အပြုံးတို့ဝေဆာနေသော အတွဲတစ်တွဲ အနားသို့ရောက်လာ၏။

"Jin hyung ဟင် Namjoon hyung နဲ့အတူပါလား?"

မျက်လုံးလေးပြူးကာ မေး‌ေလသည့် ဂျီမင်း။

'ဘာလဲ Jin hyung က မင်းကိုလဲ Hyung နဲ့ပြတ်သွားပြီလို့ ပြောထားတာပဲ့လား?'

Namjoon hyungစကားကို ဂျီမင်းခေါင်းညိမ့်ပြ၍

"ကျွန်‌ေတာ်နဲ့Jin hyung နောက်ဆုံးတွေ့တုန်းက လွန်ခဲ့တဲ့ဆယ်ရက်ကျော်‌ေလာက်က‌ဖြစ်မယ် အစကမယုံခဲ့ဘူး Hyungက ဒေါသတကြီးနဲ့ စိတ်နာတယ်လို့ပြောနေတော့ တကယ်ထင်သွားခဲ့တာ"

'ပြန်တောင်အစမဖော်ချင်ဘူး ဂျီမင်းရေ ဒီဆရာဝန်ကောက်စိန်လေးကိုလေ Hyung က တစ်လလုံးနီးပါးချော့ခဲ့ရတာ! ချစ်လွန်းတော့လည်း မပြတ်နိုင်တာမလို့ ဆေးရုံနဲ့အိမ် ပတ်ချာလည်အောင်ကို လိုက်ချော့ခဲ့ရတာဟေ့ ဒါတောင် မနေ့ညကမှ ပြေတော်မူသွားတာ မဖြစ်ဘူး နောက်ဆိုဆင်ခြင်မှ!'

'ဘာလဲ မင်းကိုဘယ်သူကအတင်းချော့ခိုင်းခဲ့လို့လဲ? ဂျီမင်းလေး ဒါပဲ့ကြည့် တွေ့လား? Hyung ကိုလိုက်ချော့ရတာ သူ့အတွက်ဝန်ထုပ်ဝန်ပိုးလိုပြောနေတာ!'

အစားအသောက်အပြင်အဆင်ကို လှည့်ပတ်ကြည့်ရာမှ ခံပြောလာသည့်Jin hyung ။

"ဟားး Hyung တို့က ကျွန်တော့်ရှေ့မှာ အချစ်စမ်းနေကြတော့ အားကျလာပြီဗျာ"

'အားမကျနဲ့!ဂျီမင်းရေ...ချစ်မိရင်ရှုံးတာချည်းပဲ့'

'မင်းကငါ့ကို အနိုင်ယူချင်တာလား?'

PHOBIAWhere stories live. Discover now