အခန်း (၁) Zawgyi

285 4 0
                                    

ခုံတန်းရှည်တွေအများကြီး အစီအရီချထားတဲ့ ခန်းမတစ်ခုထဲမှာ ခြုံပုဝါကို ခေါင်းထိအပြည့်ခြုံထားတဲ့အမျိုးသမီးကြီးတစ်ဦး အိနြေ္ဒအပြည့်နှင့်ထိုင်နေသည်။ သူမရှေ့တွင်တော့ မြေပြင်ပေါ်လို့မဆိုနိုင်သော်ငြား ဘာမှခင်းမထားတဲ့ကြမ်းပြင်ပေါ်မှာ ပုဆစ်တုပ်လေးထိုင်လျက် ပါးပြင်နုနုလေးပေါ် တလိမ့်ချင်းကျလာတဲ့ မျက်ရည်တွေကို လက်အိတ်အဖြူလေးဝတ်ထားတဲ့ လက်ချောင်းလေးတွေနဲ့ တို့ကာ တို့ကာ သုတ်နေတဲ့ အဖြူရောင် သတိုးသမီးဝတ်စုံအပြည့်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်.....

"သမီးလေးရယ် မငိုရဘူးလေ အလှတွေပျက်ကုန်မှဖြင့်...."

"သမီးမင်္ဂလာဆောင်ပြီးရင်လဲ ဆရာမကြီးတို့ဆီ လာလည်လို့ ရသေးတယ်မလားဟင်"

"ရတာပေါ့ သမီးလေးရယ် ဆရာမကြီးတို့ဂေဟာက သမီးလေးအတွက် အမြဲ တံခါးဖွင့်ထားတယ်နော် ဘာအခက်ခဲရှိရှိ ဘာတွေပဲ ကြုံလာကြုံလာ အရင်ဆုံး ဆရာမကြီးဆို့ သမီးလေးဘက်မှာ ရှိနေတယ်ဆိုတာကို ယုံထားနော်"

"သမီး ဆရာမကြီးကို ကန်တော့ပါတယ်နော်"

သူမဦးချတော့ ရှေ့က ဆရာမကြီးဆိုသူကလဲ မျက်ရည်များစွာနှင့်ပဲ ဆုတွေကို ပါးစပ်ကနေ ခပ်တိုးတိုးပေးလေရဲ့....

"ညပွဲဆိုတော့ ဆရာမကြီးတို့ လာဖို့ တကယ်အဆင်မပြေလို့ပါသမီးလေးရယ် အားမငယ်နဲ့နော်"

"ဟုတ်ကဲ့ သမီးနားလည်ပါတယ်"

"ကဲ ကဲ အချိန်လဲ မစောတော့ဘူး သမီးသွားတော့နော် မောင်ဇေယျာလဲစောင့်နေတော့မယ်"

ဟုတ်ကဲ့ ဟုပင် ပြန်မဖြေနိုင်တော့တာမလို့ သူမ ခေါင်းပဲ အသာငြိမ့်ပြမိတော့သည်။ တလိမ့်လိမ့်ထွက်နေတဲ့ကားပေါ်ကနေ နောက်ကို တချက်လှည့်ကြည့်မိတော့ * နွေးထွေးရာ * ဆိုတဲ့ ဆိုင်းဘုတ်လေးကို လျှပ်စီးများလက်နေတဲ့ကြားက ဖြတ်ခနဲ ဖြတ်ခနဲ မြင်ရသည်။ ဒီနွေးထွေးရာဆိုတဲ့ဂေဟာလေးက သူမ ၄ နှစ်သမီးလောက်ထဲကနေ ခု ၂၅ နှစ်ထိ လုံခြုံစွာ ပျော်ရွှင်စွာ ခိုလှုံခဲ့တဲ့နေရာလေးမလား....သူမ မလွမ်းဘဲ ဘယ်နေနိုင်ပါ့မလဲ။ ဒီနေရာလေးမှာပဲ သူမကြီးပျင်းခဲ့သည်။ ဒီဂေဟာရဲ့အထောက်အပံ့တွေနဲ့ သူမ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ သံယောဇဉ်ဘယ်လောက်ကြီးသလဲဆို ဆရာဝန်တစ်ဦးဖြစ်လာတာတောင်မှ တခြားနေရာမှာအလုပ်လုပ်ဖို့ဂေဟာက ဆရာမကြီးတို့က အစပြောပေမယ့် သူမကိုယ်တိုင်က သူမတတ်ကျွမ်းတဲ့ပညာနဲ့ ဂေဟာကိုကျေးဇူးဆပ်ချင်တာမလို့ ထိုဂေဟာလေးမှာပဲ မိဘမဲ့ကလေးလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့သည်။ ကိုယ့်စိတ်ရင်းနဲ့ပဲအကျိုးပေးသလားမပြောတတ်....တခြားနေရာကို သူမထွက်သွားရင်တောင် သူမကိုချစ်သော သူမကိုကြည်ဖြူသော သူမကိုတန်ဖိုးထားသော အသိုင်းဝိုင်းနဲ့ဆုံချင်မှဆုံမည်။ ခု.... သူမတို့ဂေဟာကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး နှစ်စဉ်လာလှူနေကျ မိသားစုက ကောင်လေးတစ်ယောက်က သူမကို စိတ်ဝင်စားသည်တဲ့။ တိုက်ရိုက်ပြောတာမဟုတ်ဘဲ ဆရာမကြီးတို့က တဆင့် တရားဝင်ပြောခိုင်းသည်ဆိုလို့ အဲ့တုံးကတောင် ကြောင်တောင်တောင်ပါလားဟုထင်ပီး စိတ်ဆိုးခဲ့ရသေးသည်။ နောက်တော့လဲ အဲ့ *မောင်* ဆိုတဲ့ အမျိုးသားလေးကြောင့် သူမရဲ့ ရိုးရှင်းတဲ့သာမန်ဘဝလေးက တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ရသည်။

When the vengeance is justified..... (ကလဲ့စားတို့ တရားလေသော်....)Donde viven las historias. Descúbrelo ahora