အခန်း (၃) Zawgyi

121 4 0
                                    

TOP. ဟူသော အလွန်ကြီးမားသည့် အဆောက်အအုံကြီးတစ်ခုသည် မြို့ရဲ့အလည်ခေါင်တည့်တည့်တွင် အထပ်ပေါင်း ၅၀ တိတိနှင့် အမြင့်မားဆုံးသော အဆောက်အဦးကြီးထဲမှ တစ်ခုအဖြစ်တည်ရှိနေသည်။ ထို အထပ်ပေါင်း ၅၀ တိတိရှိသော အဆောက်အဦးကြီးသည် နာမည်ကြီးပေ့ဟူသော ကုမ္ပဏီတို့ရဲ့အခြေဆိုက်ရာ ရုံးဖြစ်သည်။ ရှင်းရှင်းပြောရရင် နေရာငှားစားတဲ့နေရာတစ်ခုပေါ့။ နာမည်ကြီးကုမ္ပဏီတွေ သူတို့ရဲ့အခြေစိုက်ရုံးတွေ လာလာဖွင့်ရင်း ကြာတော့ အဲ့အဆောက်အဦးကြီးတွင်ရှိသော ကုမ္ပဏီများသည် နာမည်ကြီးသော လုပ်ငန်းစုများ၏ပင်မရုံးများ ဖြစ်လာတော့သည်။ ထို မြင့်မားပြီးကြီးမားလှတဲ့ အဆောက်အဦးကြီးထဲတွင် ကုမ္ပဏီများစွာအတွက် ရုံးခန်းများရှိသည်။ ရုံးခန်းများ work place များသာမကပဲ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ canteen တွေ၊ နားနားနေနေ အနားယူလို့ရတဲ့ salon တွေ spa တွေ စတဲ့ အပန်းဖြေလို့ရတဲ့နေရာများလဲရှိသေးသည်။ ထိုအဆောက်အဦးရှေ့တွင် နောက်ဆုံးပေါ် တန်ဖိုးကြီးကားအမျိုးစုံမှဆင်းလာတဲ့ အလျှိုလျှိုသော လူတို့သည် ထို TOP ထဲမှာ ရုံးစိုက်ထားတဲ့ ကုမ္ပဏီအသီးသီးမှ အရေးပါအရာရောက်သူများဖြစ်ကြမည်မှာ မလွဲပင်။

ကားက ငြိမ့်ခနဲရပ်သွားသည်နှင့် အလုပ်ကိစ္စကြည့်လက်စ ipad ကို ပိတ်ကာ ရှေ့ခုံရဲ့ကျောမှ ထည့်လို့ရတဲ့အိတ်ထဲကို ထည့်ပြီး ကားထဲမှ အပြင်ကိုအသာလေးထွက်လိုက်သည်။ အပြင်ရောက်တာနဲ့ အဆောက်အဦးထဲတန်းမဝင်သေးဘဲ...တပ်ထားတဲ့ နေကာမျက်မှန်ကိုချွတ်ကာ သူမခေါင်းမော့နိုင်သလောက်မော့လျက် အဆောက်အဦးကြီး၏ထပ်ဖျားကို ငေးကြည့်မိနေသည်။ ပေါင်လည်ကစပြီး ဒူးကျော်ကျော်ထိခွဲထားသော လယ်သာ စကဒ်အနက်နဲ့ အနက်ရောင် blazer ပွပွတစ်ထည်ကို အောက်မှ သိပ်မဟိုက်ပေမယ့် သူမ လည်တိုင်တစ်ခုလုံးကိုသေချာမြင်နေရတဲ့ ကြိုးတစ်လုံး ဇာ croptop တစ်ထည်ကိုဝတ်ဆင်ထားပြီး လက်တဖက်မှ မကြီးအသေးအရွယ်စားရှိ အိတ်အနက်တစ်လုံးကို ကိုင်ထားသေးသည်။ ခြေထောက်တွေမှာလဲ ကြိုးသေးသေးလေးများဖြင့် ရှုပ်ရှက်ခတ်နေသော ၆ လက်မနီးပါးမြင့်သည့် ဒေါက်ဖိနပ်တို့ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားပြီး ခေတ်နဲ့လျော်ညီတဲ့ ပြင်ဆင်ချယ်သမှုကို မျက်နှာပေါ်မှာ ပြုလုပ်ထားတာကြောင့် သူမက လူအများကြား ထင်းထွက်နေတာတော့ အမှန်ပင်။ ခါးအလည်လောက်ထိရှိသော အတိုအရှည် မညီသည့် ရွှေညိုရောင်ဆံနွယ်တွေကို ဖြန့်ချထားပုံက မနက်ခင်း ရုံးလာတက်သူအများစုရဲ့အာရုံကို ဖမ်းစားနိုင်လွန်းသည်။ သူမကတော့ သူမကို တခြားသူတွေ မသိမသာရော သိသိသာသာရော ကြည့်နေကြတာကို ဂရုမစိုက်သည့်အလား သူမကြည့်နေတဲ့ အဆောက်အဦးကို ကြည့်လို့ဝသွားသည်နှင့် သူမလက်တစ်ဖက်မှာ ကိုင်ထားတဲ့ နေကာမျက်မှန်ကိုပြန်တပ်ပြီး ပိန်ပါးပါးခန္ဓာကိုယ်နှင့်လိုက်ဖက်ညီစွာ ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ဖြင့် အဆောက်အဦးထဲကို လျှောက်လှမ်းဝင်သွားတော့သည်။ အဆောက်အဦးထဲမှာလဲ အောက်ဆုံးထပ်ဟူသည် လူများစွာဖြင့်စည်ကားလွန်းလှပြီး သူမရဲ့ ရုပ်ရည် အပြင်အဆင် အဝတ်အစား style တို့က လူအများရဲ့အာရုံကို ဖမ်းစားနိုင်လွန်းတာမလို့ သူမလမ်းလျှောက်လိုက်တိုင်း ခေါင်းတွေက လှည့်ကြည့်ကြရသည်။ သို့ပေသည့် လှည့်ကြည့်လိုက်တဲ့သူတွေက ဒီကောင်မလေးချောလိုက်တာ ကြည့်ကောင်းလိုက်တာဆိုတဲ့အတွေးရရမည့်အစား တစ်ကိုယ်လုံးအနက်ရောင်များသာဝတ်ဆင်လာပြီး ခပ်တည်တည်မျက်နှာနဲ့ သူမပုံကိုကြည့်ကာ အေးစက်သောအငွေ့အသက်သာရသည်။ ထိုမိန်းကလေးကို ညကြီးအချိန်မတော် ဒီပုံမျိုးနဲ့ လူပြတ်တဲ့နေရာမှာ ဓားတစ်ချောင်းကိုင်လျက်အနေအထားနှင့် တွေ့လိုက်မည်ဆိုပါက စိတ္တဇလူသတ်သမားဟူ၍ပင်ထင်စရာရှိသည်အထိ လူတွေကို ခြောက်ခြားစေတဲ့ vibe မျိုးပေးနိုင်တဲ့သူပေတည်း။

When the vengeance is justified..... (ကလဲ့စားတို့ တရားလေသော်....)Where stories live. Discover now