1

98 6 1
                                    

From fairest creatures we desire increase,
That thereby beauty's rose might never die,

အလှတရားရဲ့နှင်းဆီငုံလေးတွေသေဆုံးမသွားစေဖို့ရာအလှဆုံးသောသတ္တဝါလေးတွေတိုးပွါးလာစေဖို့
ကိုယ်တို့တောင့်တမိကြပါတယ်။

But as the riper should by time decease,
His tender heir might bear his memory;

သည်လိုမှသာအရွယ်ကြီးရင့်လာတဲ့ရှေ့လူအနေနဲ့အ
ချိန်တန်လို့လောကကထွက်ခွါသွားချိန်မှာ
နောက်မျိုးဆက်သစ်ဟာသူ့နေရာအစားဝင်လို့သူ့ရဲ့အမှတ်တရတွေကိုဆက်သယ်ဆောင်သွားနိုင်မယ်မ
ဟုတ်လား။

But thou, contracted to thine own bright eyes,
Feed'st thy light's flame with self-substantial fuel,
ဒါပေမယ့်တောက်ပလှတဲ့မင်းရဲ့မျက်လုံးတွေထဲမှာ
မင်းကိုယ်မင်းကလွဲလို့ဘယ်သူ့ကိုမှမမြင်တဲ့တစ်
ယောက်သောသူမင်းအဖို့တော့မင်းရဲ့အလှတရားတွေအားလုံးကိုအတ္တဆိုတဲ့မင်းရဲ့မီးလျှံမှာပဲမီးစာကျွေးလို့အကုန်လောင်မြိုက်စေတယ်လေ။

Making a famine where abundance lies,
Thyself thy foe, to thy sweet self too cruel.

မင်းမှာအလှတရားတွေနဲ့ကုံလုံနေပေမယ့်လို့နဂိုထက်ပိုလှချင်သူမင်းဟာပဲကိုယ့်စိတ်ကိုယ်ညှင်းဆဲလို့မင်းအပေါ်မင်းအရမ်းရက်စက်နေခဲ့တာပေါ့။

Thou that art now the world's fresh ornament
And only herald to the gaudy spring,

တကယ်တော့မင်းဟာယခုအချိန်မှာကမ္ဘာလောကကြီးရဲ့သစ်လွင်လှတဲ့အဆင်တန်ဆာတစ်ခုပါ။လတ်
ဆတ်တောက်ပတဲ့နွေဦးလေးလိုအလှတရားတွေကို
လည်းတစ်ကိုယ်တော်အစိုးရသူပါ။

Within thine own bud buriest thy content,
And, tender churl, mak'st waste in niggarding.

အလှတရားတွေကိုကိုယ့်အဖူးအငုံထဲမှာပဲမြှုပ်နှံထားတဲ့နူးညံ့ပေမယ့်စိတ်ထားပုပ်သူလေးမင်းဟာမင်းရဲ့စေးနှဲမှုအတွက်နဲ့အလှတွေကိုဖြုန်းတီးပစ်နေသလိုပါပဲ။

Pity the world, or else this glutton be,
To eat the world's due, by the grave and thee.

သည်လောကကြီးကိုစာနာသောအားဖြင့်သာမင်းအနေနဲ့မျိုးဆက်သစ်တွေမွေးထုတ်မပေးခဲ့ရင်တော့မင်း
ပိုင်ဆိုင်တဲ့အလှတရားတွေဟာမင်းကိုယ်တိုင်နဲ့သေသူတို့စံမြန်းရာသုသာန်ကြီးရဲ့ရောင့်ရဲခြင်းမဲ့စွာသုံး
ဆောင်ခြင်းကိုခံရတော့မှာပါ။

Shakespeare ၏ကဗျာတိုများWhere stories live. Discover now