အခန်း < ၁ >

2.4K 152 15
                                    


      ~ တပေါင်းလ
                     အင်ကြင်းပန်း

     မှန်တံခါးမှတဆင့်နေရောင်သည် အခန်းတွင်းထဲသို့ စူးရှစွာထိုးဖောက်ဝင်ရောက်လာသည်။ သရဖီပန်းကလေးများသည် အိမ်ရှေ့တံခါးအဝတွင် ချုံသဖွယ်ဖြင့် ပွင့်၍နေပေသည်။ပန်းကြိုက်သော ရိုးမယ်ခင်တို့မိသားစုသည်ရာသီအလိုက်ပန်းကလေးများ ပျိုးထားတတ်သည်။‌နံနက်ခင်းနေရောင်ခြည်ဖြဖြအောက်တွင် အရာအားလုံးသည် လှပပွင့်လန်းစွာဖြင့် ရှိနေကြ၏။ရိုးမယ်ခင်သည် ပြတင်ပေါက်မှတဆင့် အိမ်ရှေ့တံခါးဝဆီသို့ငေးကြည့်နေသည်။

" သမီး၊ ဘယ်နှစ်နာရီရှိပြီလဲ "

ဖေဖေ့အသံကြောင့် ပြတင်းပေါက်နားမှခွာကာ အောက်ထပ်ဆီသို့ဆင်းလာခဲ့သည်။ဖေဖေသည် ရိုးမယ်ခင် ပြင်ပေးထားသော ထမင်းစားဝိုင်း၌ အဆင်သင့်ထိုင်၍နေလေသည်။ရိုးမယ်ခင်ဆင်းလာသည်ကိုမြင်သောအခါ ဖေဖေကလှမ်းပြုံးပြသည်။ဖေဖေ့အပြုံးတို့သည်လည်း လတ်ဆတ်ဆဲ။ဖေဖေသည် အသက်ခုနှစ်ဆယ်အတွင်းသို့ဝင်ရောက်နေပြီဖြစ်သော်လည်း သူတကာထက်ပို၍ကျန်းမာသည်ဟုဆိုရမည်။လူငယ်တစ်ယောက်လိုစိတ်ဓာတ်မာကြောဆဲ။

" သမီးအိပ်ရာထနောက်ကျသလား "

" သမီးနောက်မကျပါဘူးဖေဖေ "

" ဒါဆိုပြန်အိပ်နေသလား "

" ပြန်လည်းမအိပ်ပါဘူးဖေဖေ၊ သမီး အခန်းထဲခဏသွားပြီးသနပ်ခါးလူးတာပါ "

ဖေဖေ့အတွက်မနက်စာထည့်ပေးရင်းကပြန်ဖြေလိုက်သည်။‌ဖေဖေသည်ဘာမှဆက်မ‌ပြောတော့ဘဲရိုးမယ်ခင်ခူးကျွေးသောမနက်စာကိုသာ တမြုံ့မြုံစား၍နေလေသည်။

" သမီးလည်းအရွယ်ရောက်ပြီးတာသိပါတယ်။ ဒါမဲ့ ဖေဖေ့ဆုံးမစကားတွေကို မပယ်နဲ့နော်သမီး "

ဖေဖေ့မျက်နှာကိုအကဲခတ်လိုက်သည်။ဖေဖေ့မှာစိတ်ဆိုးသောအမူအယာတော့မရှိ။သို့သော်ဖေဖေသည် ရိုးမယ်ကိုခုထိမယုံသေးဘူးထင်ပါရဲ့။

" သိပါတယ်ဖေဖေရဲ့၊ မနက်အိပ်ရာနိုးပြီးမျက်နှာသစ်ပြီးတာနဲ့ သနပ်ခါးလူးပြီး ခေါင်းတန်းဖြီးပါတယ် "

ဖေဖေကဘာမှပြန်မပြောပဲ ငုံ့၍သာ
ထမင်းဆက်စားနေလေသည်။ ရှေးရိုးအစဉ်လာကို အမြဲစောင့်ထိန်းသော အဖေသည် မနက်စာကို ကော်ဖီသောက်လေ့ရှိသူမဟုတ်။မနက်စာအတွက် ထမင်းကြော်၊ မုန့်ဟင်းခါး စသည်ဖြင့် မြန်မာထုံးတမ်းစဉ်လာကိုသာ ပြင်ဆင်ပေးရလေ့ရှိသည်။

ကေသာရစ်ခွေပန်ပါလေWhere stories live. Discover now