အခန်း < ၂ >

1K 122 12
                                    

       
     ခြံဝိုင်းရှေ့တွင်ခပ်ရွယ်ရွယ်လူတစ်ယောက် ကားပေါ်မှဆင်း၍ အဝိုင်းထဲသို့ဝင်လာနေသည်ကို လှမ်းမြင်နေကြရသည်။အလုပ်ရုံထဲမှ မိန်းမပျိုကလေးများသည် ထိုလူရွယ်လာနေပုံကို ဝိုင်းကြည့်နေကြသည်။ထိုလူရွယ်အနားရောက်လာသောအခါမှ ဘုတ်မကလှမ်းနှုတ်ဆက်လိုက်သည်။ထိုလူရွယ်သည် အနေခက်ဟန်မတူ၊ ရင်းနှီးနေသော လူများကဲ့သို့ပင် ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်လေသည်။

" မဘုတ်မ၊ တွယ်ငြိပြန်ရောက်နေပြီဆို "

" ရှိပါ့တော်၊ အိမ်ကြီးထဲမှာလေ မနက်ထဲကထွက်လာတာမမြင်သေးဘူး။ မမရိုးမယ်ကတော့ ပန်ချီခန်းထဲမယ် "

ထိုလူရွယ်သည် အလုပ်ရုံသမကလေးများအားလုံးကို အပြုံးဖြင့်သိမ်းကြုံးနှုတ်ဆက်ကာ ပန်းချီခန်းထဲသို့ဝင်လာလေသည်။

" တွေ့လိုက်ရင်အလုပ်တွေပဲတကုပ်ကုပ်လုပ်နေတယ်နော် "

" ဪ....မောင်မိုးမင်း၊ ဘယ်တုန်းကပြန်ရောက်လဲ "

" ကျွန်တော်တစ်ပတ်လောက်ရှိပြီ၊ သူငယ်ချင်းတွေနဲ့ လည်ပတ်နေလို့ "

" ခုကတော့ တွယ်ငြိလေး ပြန်ရောက်နေတယ်ကြားလို့ချက်ချင်းပြေးလာတယ်ပေါ့ "

" ဟာ ဒေါ်လေးကလည်း "

" ကဲပါကွယ်၊ မရှက်ပါနဲ့။ တွယ်ငြိလေးအိမ်ထဲမှာရှိတယ် သွားရအောင် "

မိုးမင်းသည် ရိုးမယ် နောက်ကလိုက်လာခဲ့သည်။သင်္ဘောသားလူချောလူခန့်တစ်ယောက်ဖြစ်သည်မိူ့ ရောက်ရာနေရာတွင်မျက်နှာပွင့်သည်။အပေါင်းအသင်းဆန့်သည်။ မိုးမင်းမိဘများက မန္တလေးမြို့ပေါ်တွင် ယွန်းထည်ဆိုင်ဖွင့်ထားပြီး
ရိုးမယ်ခင်တို့ဆီက ယွန်းထည်များကိုသာ ယူကာ ဘိုးဘွားအစဉ်အဆက်တွဲဖက်လုပ်ကိုင်ခဲ့ကြသောကြောင့် အိမ်သားနီးပါး ရင်းနှီးကြသည်။မိုးမင်းကိုယ်တိုင်ကလည်း တွယ်ငြိအပေါ်စိတ်ဝင်စားနေသည်လည်းပါ၏။

အိပ်ရာထနောက်ကျသောတွယ်ငြိနှင့်ထက်ဝတီဦးတို့နှစ်‌ယောက် မီးဖိုချောင်ထဲတွင် ကုပ်ကုပ် ကုပ်ကုပ်ဖြင့် မနက်စာရှာဖွေနေကြသည်မို့ ရိုးမယ်ခင်တို့ ရောက်နေသည်ကိုမသိကြ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jul 10, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ကေသာရစ်ခွေပန်ပါလေDove le storie prendono vita. Scoprilo ora