Part - 54

6.1K 530 51
                                    

မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် အရင်ဆုံးရှာနေမိသူက ကိုကို့ကိုပင်။

ဘေးကနေရာလွတ်ကြောင့် ကိုကိုထသွားပြီဆိုတာကို သိလိုက်ရ၏။

ထထိုင်လိုက်တော့ နဖူးပေါ်က ပြုတ်ကျလာတဲ့ ရေပတ်ဝတ်။

" အာ ... ငါညက အဖျားကြီးပြန်ပြီထင်တယ် "

အောက်ကိုဆင်းလာတော့ မားတစ်ယောက်ဟာ ဘာတွေလုပ်နေမှန်းမသိ။

" မား "

" ဟယ် .. သားငယ်လေး နိုးလာပြီလား? "

ထိုင်နေရာကနေ ထလာကာ နဖူးကိုစမ်း ၊ ပါးကိုစမ်းလိုက်လုပ်ပြီး

" အဖျားတော့ မရှိတော့ပါဘူး "

" သား ညက ဖျားတယ်မလား ? "

" ဟုတ်တယ် ... အဖျားကြီးပြီး သတိလစ်သွားလို့ သားရဲ့ ကိုကိုက ယောက်ယက်ခက်နေရော "

မား၏ စကားကြောင့် စပ်ဖြီးဖြီးဖြစ်သွားတော့ မားက လက်မောင်းကို အသာရိုက်ပြီး

" သားရဲ့ ကိုကိုက တစ်ညလုံး မအိပ်ပဲ သားကို စောင့်နေပေးတာ ... ဆရာဝန်ကို ပင့်တော့ သားကို ဆေးထိုးပေးနေတာကို ကြည့်ပြီး အဲ့ကလေး မျက်ရည်တွေကျတယ် "

" ဟင် ! ကိုကိုက? "

" အင်း ... မား မေးလိုက်တော့ ကလေးလေးကို သူ့လက်နဲ့ ဆေးကုပေးချင်ပေမယ့် ဆေးမကုနိုင်ဘူးတဲ့ ... သူ ဆေးကုပေးလိုက်လို့  Jung Hyun လို ကလေးလေး  သေသွားရင် ဘယ်လိုလုပ်မလဲတဲ့လေ "

" ... "

" ‌အဲ့ကလေးက သားငယ်ကို သိပ်ချစ်တာပါ ... သိပ်ချစ်တယ်ဆိုတာထက် မားတို့မြင်နေရတာကတော့ သိပ်ကိုအချစ်လွန်နေတာ ... အဲ့ကလေးကို အရင်ကလိုမျိုး ထပ်မလုပ်ပါနဲ့ သားငယ်ရယ် ... သားငယ်ကြောင့် ရူးသွားခဲ့တဲ့ ကောင်လေးမလား? "

" မား သိနေတာလား? "

" Yoongi လေးပြောပြတာကြောင့် သိနေတာပါ ... သားကြောင့် အဲ့ကလေး နှလုံးသားက အများကြီးနာကျင်ခဲ့ရပြီးပြီမလား ? ဒီတစ်ခါတော့ ထပ်ပြီး နာကျင်အောင်မလုပ်ပါနဲ့ သားငယ်ရယ် ... မားရဲ့ သားငယ်လေးက လိမ္မာမယ်မလား? "

" သားအခု ကိုကိုစိတ်ဆိုးပြေအောင် ချော့နေပါတယ်.. သူ့ကို နာကျင်အောင်ထပ်မလုပ်တော့ပါဘူး ... သူ့ကို အဆုံးရှုံးမခံနိုင်ဘူး မား "

" မား နားလည်ပြီ ... သား ကိုကို ကို သေချာချော့လိုက်နော် သားငယ် ... ဟိုကလေးက သားဘက်က သေချာချော့ရင် စိတ်ဆိုးပြေမှာပါ "

" ဟုတ်ကဲ့ ... ဒါနဲ့ ပါးနဲ့ ကိုကိုရော ? "

" သူတို့နှစ်ယောက် အခုဆို ခြံထဲသွားပြီပေါ့ ... သားရဲ့ ကိုကိုက အိမ်မှာအလကားမနေချင်လို့ဆိုပြီး ပါးနှင့်အတူ ခြံထဲလိုက်သွားတယ်လေ ... အဲ့ကလေးက အားတော့ကိုးရတယ် သားငယ်ရေ ... မနေ့ညက ဟင်းတွေကလည်း သူပဲချက်ထားတာကို သိတယ်မလား? "

" သိတယ် မား ... ကိုကိုက Tae Tae ကို သိပ်ချစ်တာ တွေ့ တယ်မလား မား? "

" တွေ့  ပါ့ရှင် "

Thank u , next✓Where stories live. Discover now