Part - 56

6.1K 523 119
                                    

" ကိုကို အခုဘယ်သွားနေတာလဲ? "

" ရောက်ရင်သိရလိမ့်မယ် ကလေးလေး "

" ရောက်မှ မသိချင်ဘူး ... အခုသိချင်တာ "

ကျွန်တော်က ဆူအောင့်အောင့်လေးပြောတော့ ကိုကိုက ခေါင်းကို ခပ်ဖွဖွပုတ်လာ၏။

" ကလေးလေး တွေ့ ချင်နေတဲ့သူဆီကို ခေါ်သွားပေးမလို့ပါ "

ကျွန်တော့်ကို ကြည့်ကာ ပြောလာတဲ့ ကိုကို့စကားကြောင့် ခန္ဓာကိုယ်က အကြောတွေအားလုံးဟာ တောင့်တင်းသွားသလိုပင်။

" မဟုတ်မှ Yeon .. YeonJun လား? "

ကိုကိုဟာ ပြုံးလာ၏။

ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည့် ကိုကို့လက်တွေဟာ ပိုမိုတင်းကြပ်လာခဲ့သည်။

အဓိပ္ပာယ်ကတော့ ကိုကိုအနားမှာရှိတယ် ၊ အဆင်ပြေသွားမှာပါဆိုတာပါပဲ။

" Tae "

ကိုကို booking ကြိုယူထားသည့် သီးသန့် အခန်းထဲဝင်လိုက်တော့ ထွက်ပေါ်လာတဲ့ YeonJun အသံ။

အခန်းတံခါးပေါက်ဝအရှေ့မှာ ခြေထောက်တွေက ကော်နှင့်ကပ်ထားသလို မခွာပဲ ရပ်နေမိတာ။

YeonJunie မျက်နှာကို မျက်လုံးက မျက်တောင်မခတ်ပဲ စိုက်ကြည့်နေမိရင်းကနေ

" Jun "

" ဗျာ "

" တကယ်ပဲ .. တကယ်ပဲ YeonJunie လား? "

" Taeရဲ့ လူဆိုးလေး YeonJunie ပါ "

ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ ကိုကို့လက်တွေဟာ လွှတ်‌ပေးလာ၏။

" သူ့ဆီသွားလိုက်ပါ "

ကိုကို့အပြောကြောင့် YeonJun ကို ပြေးဖက်မိရင်း

" တောင်းပန်ပါတယ် ... နောက်ပြီး အသက်ရှင်နေပေးလို့လည်း ကျေးဇူးတင်ပါတယ် ကောင်လေးရယ် "

ပါးစပ်ကနေ တဖွဖွ စကားတွေကို ဆိုမိရင်း ငိုနေမိတော့သည်။

ဒီကောင်လေးကို မချစ်မနှစ်သက်ပေမယ့် ဒီကောင်လေးက ကျွန်တော့်အပေါ်က အနစ်နာ ၊ အနွံတာခံတဲ့ ကောင်လေး။

ကျွန်တော် ဘာပြောပြော အမြဲ အပြုံးမပျက်ပဲ အနားမှာ တွယ်ကပ်နေတဲ့ ကောင်လေး။

နောက်ပြီး ကိုကို မရှိတဲ့အချိန်မှာ ကျွန်တော့်ကို အမြဲ အန္တရာယ်တွင်းတွေထဲကနေ ကယ်ပေးတဲ့ ကောင်လေး။

" Junie တောင်းပန်ပါတယ် ... ငါတောင်းပန်ပါတယ် Junie ရယ် ... အားလုံး ငါ့ကြောင့်ပါ "

" အဲ့လိုမပြောရဘူး ... Tae ကြောင့်မဟုတ်ဘူး .. နောက်ပြီး Tae ကိုလည်း အပြစ်မမြင်ဘူး ... ကျွန်တော်ကသာ တောင်းပန်ရမှာ ... ကျွန်တော့်ကြောင့် Trauma ထပ်ရသွားခဲ့တာမလား? "

" မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ့ကြောင့်ဖြစ်ရတာ .. မင်းကိုလည်း ငါမကယ်နိုင်ခဲ့ဘူး ... အရာအားလုံး ငါ့ကြောင့်ပါပဲ "

" Tae ! Tae !!! "

" ဟင် "

" ကျွန်တော် ပြောတာကို သေချာနားထောင်နော် "

Thank u , next✓Dove le storie prendono vita. Scoprilo ora