Chapter 8

3K 546 13
                                    


Unicode

    
စူးယိရန်သညိ ထင်ကော၏ နွေးထွေးသော ထွေးပွေ့မှုကို ခံစားလိုက်ရရာ သူ၏ စိတ်ဓါတ်ရေးရာအကာအကွယ်က တစ်မဟုတ်ချင်း ကျိုးပျက်သွားသည့်အလား အစွမ်းကုန်ထိန်းသမျှမျက်ရည်များက ချက်ချင်း တာကျိုးလာကာ မျက်တောင်တွေစွတ်စိုလာ၍ ကုယွမ်းထင်၏ ကုတ်အင်္ကျီမှာပါ အကွက်သေးသေးလေး ဖြစ်သွားရသည်။
    
သူဟာ တိုးဖွစွာ ရှိုက်နေရင်း မျက်ရည်များက အဆက်မပြတ်စီးကျလာကာ ခန္ဓာကိုယ်လေးကပါ အနည်းငယ်တုန်ယင်လာလေသည်။
    
ကုယွမ်းထင်က သူ့ရင်ခွင်ကြားမှာ တုန်ရီငိုကြွေးနေသော စူးယိရန်ကို ထွေးဖက်ထားရင်း သူ့စိတ်က ဗလာဖြစ်သွားကာ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတော့သည်။
    
သူ့မှာ တောင့်တောင့်ကြီးဖက်ထားရင်း နောက်ကျောကို ကိုးရိုးကားယားပုတ်ကာ ချော့လိုက်လေ၏။

"ဟုတ်ပါပြီ.....ဟုတ်ပါပြီ"
    
စူးယိရန်မှာ အချော့မခံရလျှင် အဆင်ပြေပေဦးမည်။ အချော့ခံလိုက်ရချိန်မှာတော့ ပို၍ပင်ဝမ်းနည်းပမ်းနည်းငိုကြွေးလာတော့သည်။ ကုယွမ်းထင်၏ နှလုံးသားမှာ သူ၏ ငိုကြွေးမှုကြောင့် နာကျင်ကွဲကြေလာရကာ ပွေ့ဖက်ရုံပွေ့ဖက်၍ ခေါင်းကနေ နောက်ကျောတစ်လျောက် ထပ်ခါတလဲလဲ ပွတ်သပ်ပေးကာ ကူကယ်ရာမဲ့စွာ ချော့မော့ပေးရတော့သည်။

"ဟုတ်ပါပြီ....လိမ္မာတယ်နော်...မငိုနဲ့တော့....ဟုတ်ပြီလား"
    
နောက်ဆုံးတော့ စူးယိရန်မှာ ငိုရင်း မောပန်းလာကာ လူတစ်ကိုယ်လုံးက ကုယွမ်းထင်၏ ရင်ခွင်ကြားမှာ မြှုပ်ထားပြီး အသံတိုးတိုးလေးထွက်၍ အင့်ခနဲ အင့်ခနဲ ကြို့ထိုးကာ တုန်ယင်လာသည်။
    
ကုယွမ်းထင်က စူးယိရန်အား ဖက်ထားရင်း ခဏမျှချော့မော့နေအပြီးမှ စူးယိရန် တဖြည်းဖြည်း စိတ်ငြိမ်လာတာကို မြင်လိုက်ရချိန်မှာတော့ ဗလာဖြစ်နေသောဦးနှောက်က ပြန်လည် လည်ပတ်လာပေသည်။
    
စူးယိရန်ကတော့ ခုထိ အငိုလုံးလုံးတိတ်သေးတာမဟုတ်ချေ။ မကြာခဏဆိုသလို ရှိုက်နေသေးကာ ကုယွမ်းထင်၏ ရင်ခွင်ကိုမှီရင်း ရှိုက်သံတွေကြားမှ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။

"ခင်ဗျား...ဘာလို့...ဘာလို့..အဲ့လိုလုပ်ရတာလဲ...ဝူး~~ဝူး~ဝူး"
    
သူက ငိုကြွေးနေရင်းမှ

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now