အပိုင်း(19)uni&zgi

3K 170 5
                                    


ငါလေးက ခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(19)

သူမ ရုတ်တရက်ပျာယာခတ်သွားပြီးနောက် လက်မြှောက်လိုက်ကာ သူ့ကိုတွန်းထုတ်လိုက်တာက

သူနမ်းနေတာကိုလဲအဆက်ပြတ်သွားစေသလို

သူမတို့နှစ်ဉီးသားဂဟေဆက်ထားတဲ့နေရာကလဲ ပြွတ်ခနဲမြည်သံနဲ့အတူ ရှက်ဖွယ်လိလိထွက်ပေါ်လာခဲ့လေတယ်

အဲ့ခနမှာ အနမ်းမှာအာရုံဝင်စားနေခဲ့လို့ အတွန်းခံလိုက်ရတဲ့အခါ ဒေါသထွက်လာတဲ့ငရဲမင်းကြီးနဲ့ ကိုယ့်သေတွင်းကိုယ်တူးမိတာကိုမသိတဲ့လင်းယုရန် နှစ်ယောက်လုံးတောင့်ခဲသွားလေတော့တယ်

လင်းယုရန်က သူမတွန်းလိုက်တဲ့လက်အမြောက်လိုက်လေးအတိုင်းရပ်နေပြီး ငရဲမင်းကြီးရဲ့မျက်နှာပေါ်မှာလှောင်ပြုံးတခုပေါ်လာတဲ့အခါ သူမထွက်ပြေးဖို့သံဓိဌာန်ချလိုက‌်လေတော့တယ်

ဟော်ရုံကျွင်းကတော့ သူ့ကိုထားပြီးထွက်ပြေးသွားတဲ့ လင်းယုရန်ကိုလှမ်းအော်လိုက်တယ်

"လင်း! ယု ! ရန် ! မပြေးနဲ့! "

လင်းယုရန်ခမျာ ရုတ်တရက်တန့်သွားပြီးမှ မထူးဇတ်ခင်းကာဆက်ပြေးတော့တယ်

လင်းယုရန်က ဘာလိုရပ်နေရမှာလဲ သူပြောတိုင်းရပ်ရင် သူမဘယ်လိုသေသွားမှန်းတောင်သိမှာမဟုတ်ဘူး

ဟော်ရုံကျွင်းမှာ ဒေါသထွက်လွန်းလို့ သူက နတ်တပိုင်းအဆင့်ဆိုတာကိုတောင်မေ့ပြီး ဘာအစွမ်းမှမသုံးပဲ သူမနောက်ကိုလိုက်ပြေးသွားတော့တယ်

ဒါပေမဲ့ သူမကို သူရှာတာဘယ်နေရာမှာမှမတွေ့ဘူး

နောက်တော့မှ သူနဖူးသူပြန်ရိုက်မိတယ် သူ့မှာဝိဉာဉ်စွမ်းအားတွေရှိသားပဲ ဘာကြောင့်အသုံးမပြုပဲနေရတာလဲလို့

နောက်တော့ သူ့စိတ်ဆန္ဒကိုဖွင့်ပြီးရှာတော့ ကုတင်အောက်မှာ တိုးညှင်းတဲ့အသက်ရှူသံလေးကိုသွားထောက်လှမ်းမိလိုက်တယ်

သူမက ကိုယ့်ဘာသာကိုယ်‌ပိုက်ထားပြီး တဆတ်ဆတ်တုန်ယင်နေခဲ့လေတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now