68.zgi

344 7 0
                                    

Moe yanant thin 080:
ငါလေးကခွေးေ‌သွးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(68) ဟော်ရုံကျွင်းရဲ့ရောဂါကိုကုပြီးပြီလား

ချီးးးးကိုပဲစိတ်မရှိပါနဲ့လား

ငါ့မှာတော့နာလို့သေတော့မှာဟဲ့

အဲ့တုန်းက တကယ်သေသွားတယ်လို့တောင်ထင်ရတာ လင်းယုရန် တွေးရင်းမျက်‌စောင်းလှမ်းထိုးတော့ ရင့်ကျက်သူ လုယင်းယန်က လက်သီးဆုပ်လေးများကိုနှုတ်ခမ်းမှာကွယ်လိုက်ရင်းခပ်ဖွဖွရယ်လာတယ် 

ဟမ့် ပဲများလိုက်တာ

ယင်းယန်ကတော့ သူမရှေ့က မိန်းကလေးက ချစ်ဖို့ကောင်းတယ်လို့ရုတ်တရက်ခံစားလိုက်ရတယ်

သူမ ကူးပြောင်းနေခဲ့တုန်းက အခွင့်မသာတော့မပြောဖြစ်ခဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာသေဆုံးခဲ့ရင်တောင်  အဲ့ဒါက တကယ်မဟုတ်ပဲ အတုအယောင်ပါပဲလေ

သူမရဲ့တာဝန်‌ကြောင့်သာ သူမလုပ်ခဲ့ရပေမဲ့ တကယ်တော့ သူမဆန္ဒပါလို့မှမဟုတ်ခဲ့တာ

"ဒါနဲ့ ‌သခင်ဟော်ရော သူ့ရောဂါကိုကုပြီးသွားပြီလား"

"ဟမ်?"

လုယင်းယန်မှာ စကားပြောမှားမိသွားသလို ပါးစပ်လေးကိုကွယ်လိုက်ပြီး မသိယောင်ဆောင်လိုက်ပေမဲ့ လင်းယုရန်လိုအကန်းကတော့ မမြင်ပဲ

"ရုံကျွင်းကဘာဖြစ်လို့လဲ "

"အိုးး အဲ့ဒါကလေ  သခင်ဟော်က ဘာမှပြောမထားတော့ တို့ကလဲ စည်းကျော်လို့မရဘူးလေ   ....."

လုယင်းယန်ကဆက်မပြောပဲ ရပ်လိုက်ပြီးမှ ဆက်ပြောလာတယ်

"မင်း.....အဲ့ဒါကို... နားလည်တယ်မလား"

"နားမလည်ဘူး သူနဲ့ကျွန်မက လက်ထပ်ကြတော့မှာလေ သူ့အကြောင်းကိုသိဖို့လိုတယ် တစ်ယောက်အကြောင်းတစ်ယောက်မသိပဲ ယုံကြည်မူ့မရှိဘူးဆိုရင် ဘယ်လိုလုပ် လင်မယားဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားနိုင်မှာလဲ "

"ဒါပေမဲ့ အဲ့ဒါက မင်းတို့ရဲ့ကိစ္စပဲလေ ကျွန်မကတော့ တာဝန်ယူထားတဲ့ကိစ္စမို့ စည်းကမ်းချိုးဖောက်ခွင့်မရှိဘူး ရှင်ကြားဖူးမှာ‌ပေါ့ လုမိသားစုက ဘယ်လောက်စည်းကမ်းရှိလဲဆိုတာ သိမှာပါ ကျွန်မ တကူးတကကြီးပြောနေစရာမလိုပါဘူး ဟုတ်တယ်မလား"

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Donde viven las historias. Descúbrelo ahora