August လရဲ့ မိုးဟာလည်း အငြိုးကြီးစွာ ရွာနေသလို မတိတ်တော့ပေ ၊ ညထဲက ရွာလိုက်တာ မနက်ထိကို မစဲတော့ပေ ။ ပြတင်းပေါက်တံခါး ဖွင့်ထားသည်မို့ တခါတခါ လာတိုက်ခတ်တဲ့ လေပြင်းတို့နဲ့အတူ မိုးစက်များလည်း လာစင် လို့ နေတော့သည် ။ ငိုရလွန်းလို့ ဖောင်းနေတဲ့ မျက်လုံးတွေရယ် ၊ လေတိုက်ခတ်လို့ ပြေးလွှားနေတဲ့ သစ်ပင်ေတွကိုသာ အကြောင်းမဲ့ ငေးကြည့်မိတော့သည် ။ ကိုယ့်ပုံစံလည်း ကိုယ် စိတ်ပျက်မိသည် ၊ ရှုပ်ထွေးလွန်းတဲ့ ဖြစ်ရပ်များကြောင့် စိတ်ပြေလက်ပျောက် မိုးရေထဲ ထွက်သာ ထိုင်နေတော့သည် ။ တပေါက်ပေါက် ကျဆင်းနေတဲ့ မိုးရေတွေနဲ့ အပြိုင် ပါးပြင်ပေါ်သို့ မျက်ရည်များလည်း ပြိုင်တူ ဆင်းသက်လာသည် ။
ချစ်ခဲ့သည်...နှလုံးသား တစ်ခုလုံးလည်း ရစရာ မရှိတော့ပေ ၊ မာနေတွလည်း ကြွေလွင့်သွားပြီ ။ ဘာပဲဖြစ်ဖြစ် အခုချိန်ထိ နောင်တတော့ မရခဲ့ပေ ။ ေနာင်တ ၊ အမှန်ဆို နောင်တ ရသင့်တာပေါ့ ၊ ငါသာ သူ့အိမ်လိုက်နေဖို့ ခေါ်တုန်းက ငြင်းခဲ့ရင် ၊ ငါသာ သူ့ကို မသနားခဲ့ရင် အနည်းဆုံး အခုလိုတော့ မခံစားဘူးမလား ။ ဒါပင်မဲ့ ကိုယ် ချစ်ခဲ့တဲ့သူက ဂျွန်...ဂျွန် ဖြစ်နေခဲ့လို့ သူနဲ့ ပတ်သတ်ခဲ့တဲ့ အတိတ်ကို ကိုယ်နောင်တ မရပေ... အမှတ်တော့ရနေမယ် ဒါပင်မဲ့ ရင်ထဲမှာပဲ သိုဝှက်စွာနဲ့ပေါ့ ။ ကိုယ့်ဘက်က သူ့အတွက် ၊ သူ့ကို အကောင်းဆုံး ချစ်ခြင်းတွေ လွှမ်းခြုံပေးခဲ့တယ် ဒါကို သူ့ဘက်က ကားတစ်စီးနဲ့ တန်ဖိုးဖြတ်ခဲ့တယ် ။ ကိုယ့်ဘက်က စစ်မှန်ရဲ့သားနဲ့ အရာရာ လွှဲချော်ခဲ့ရပြန်ပြီ ။ ချစ်ဖို့ ကြောက်ပါတယ် ဆိုတဲ့ လူကိုမှ ကံကြမ္မာက ပစ်ချလိုက်တာ အထိနာလွန်းပါတယ်...ဘာတဲ့ ၊ ကားတစ်စီးနဲ့တဲ့ ။
[ Don't Love Play ]
@ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢
August လရဲ႕ မိုးဟာလည္း အၿငိဳးႀကီးစြာ ႐ြာေနသလို မတိတ္ေတာ့ေပ ၊ ညထဲက ႐ြာလိုက္တာ မနက္ထိကို မစဲေတာ့ေပ ။ ျပတင္းေပါက္တံခါး ဖြင့္ထားသည္မို႔ တခါတခါ လာတိုက္ခတ္တဲ့ ေလျပင္းတို႔နဲ႔အတူ မိုးစက္မ်ားလည္း လာစင္ လို႔ ေနေတာ့သည္ ။ ငိုရလြန္းလို႔ ေဖာင္းေနတဲ့ မ်က္လုံးေတြရယ္ ၊ ေလတိုက္ခတ္လို႔ ေျပးလႊားေနတဲ့ သစ္ပင္ေတြကိုသာ အေၾကာင္းမဲ့ ေငးၾကည့္မိေတာ့သည္ ။ ကိုယ့္ပုံစံလည္း ကိုယ္ စိတ္ပ်က္မိသည္ ၊ ရႈပ္ေထြးလြန္းတဲ့ ျဖစ္ရပ္မ်ားေၾကာင့္ စိတ္ေျပလက္ေပ်ာက္ မိုးေရထဲ ထြက္သာ ထိုင္ေနေတာ့သည္ ။ တေပါက္ေပါက္ က်ဆင္းေနတဲ့ မိုးေရေတြနဲ႔ အၿပိဳင္ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားလည္း ၿပိဳင္တူ ဆင္းသက္လာသည္ ။
ခ်စ္ခဲ့သည္...ႏွလုံးသား တစ္ခုလုံးလည္း ရစရာ မရွိေတာ့ေပ ၊ မာနေတြလည္း ေႂကြလြင့္သြားၿပီ ။ ဘာပဲျဖစ္ျဖစ္ အခုခ်ိန္ထိ ေနာင္တေတာ့ မရခဲ့ေပ ။ ေနာင္တ ၊ အမွန္ဆို ေနာင္တ ရသင့္တာေပါ့ ၊ ငါသာ သူ႔အိမ္လိုက္ေနဖို႔ ေခၚတုန္းက ျငင္းခဲ့ရင္ ၊ ငါသာ သူ႔ကို မသနားခဲ့ရင္ အနည္းဆုံး အခုလိုေတာ့ မခံစားဘူးမလား ။ ဒါပင္မဲ့ ကိုယ္ ခ်စ္ခဲ့တဲ့သူက ဂြၽန္...ဂြၽန္ ျဖစ္ေနခဲ့လို႔ သူနဲ႔ ပတ္သတ္ခဲ့တဲ့ အတိတ္ကို ကိုယ္ေနာင္တ မရေပ... အမွတ္ေတာ့ရေနမယ္ ဒါပင္မဲ့ ရင္ထဲမွာပဲ သိုဝွက္စြာနဲ႔ေပါ့ ။ ကိုယ့္ဘက္က သူ႔အတြက္ ၊ သူ႔ကို အေကာင္းဆုံး ခ်စ္ျခင္းေတြ လႊမ္းၿခဳံေပးခဲ့တယ္ ဒါကို သူ႔ဘက္က ကားတစ္စီးနဲ႔ တန္ဖိုးျဖတ္ခဲ့တယ္ ။ ကိုယ့္ဘက္က စစ္မွန္ရဲ႕သားနဲ႔ အရာရာ လႊဲေခ်ာ္ခဲ့ရျပန္ၿပီ ။ ခ်စ္ဖို႔ ေၾကာက္ပါတယ္ ဆိုတဲ့ လူကိုမွ ကံၾကမၼာက ပစ္ခ်လိုက္တာ အထိနာလြန္းပါတယ္...ဘာတဲ့ ၊ ကားတစ္စီးနဲ႔တဲ့ ။
[ DON'T LOVE PLAY ]
@ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢

DU LIEST GERADE
• don't love play • /✓/
FanfictionStart : February 7 , 2023 End : October 12 , 2023 @ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢