1💜

426 35 9
                                    

ကော်ဖီဆိုင်လေး တခုတွင်ကောင်လေးနှစ်ယောက် တွေ့စုံနေလေ၏။ ထိုကောင်လေး နှစ်ယောက်ထဲမှ့ တယောက်သည်

*ငါနောက်ဆုတ်လိုက်ပီ ငါတို့လမ်းခွဲရအောင် *

ဆိုပီးပြောတော့ ဒုတိယကောင်လေး သည်

*မင်းနောက်နေတာလား အဟက်ငါမယုံဘူး *

ဆိုကာပြောတော့ ပထမကောင်လေးသည် ထိုင်နေသော ဝိုင်းကနေထလာကာ သူ၏ဘေးနားကနေ ဖြတ်လျှောက်သွားတဲ့ လူကြီးလူကောင်းတယောက်ရဲ့ လက်ကိုအလျှင်အမြန် ဖမ်းဆွဲလေတော့ ထိုလူကြီး‌လူကောင်း တယောက်အပြင် ဒုတိယကောင်လေး  ကပါကြောင်အလေ၏။

ထိုအခါ ပထမကောင်လေးသည်

*မိတ်ဆက်ပေးပါအုံးမယ် ဒါငါ့ရဲ့ကောင်လေးအသစ်လေ မင်းထက်လည်းအရပ်ရှည်တယ် မင်းထက်လည်း ရုပ်ချောတယ် မင်းထက်လည်း ပိုက်ဆံရှိတယ် စိတ်တော့ မကောင်းပါဘူးနော် မင် ငါ့ရှိကနေပလစ်ခံလိုက်ရပီ bye~~~~ *

ဆိုကာ‌ပြုံးပြပီး ခပ်တည်တည်ပင် ထိုလူကြီးလူကောင်းရဲ့ လက်ကိုဆွဲကာ ဆိုင်အပြင် ထွက်သွားလေ၏။ ကျန်ခဲ့တဲ့ ကောင်လေးမှာလည်း ဒေါသထွက်နေတာပေါ့။

ထိုအခါဆိုင်အပြင် ရောက်တော့ ထို‌ပထမကောင်လေးသည် လူကြီးလူကောင်းရဲ့ လက်ကိုဖြုတ်ကာ

*ခင်များလန့်သွားလား ကျနော်လုပ်လိုက်တဲ့ အပြုအမူကြောင့် သူစိမ်းတယောက်ကို ဆွဲပီး ကျနော့်ရဲ့ရည်းစားအဖစ် သရုပ်ဆောင်ခိုင်းရတာ ကျနော်အားနာပါတယ်  ဒါပေမဲ့ကျနော် အခုလိုလုပ်ရတာတဲ့ အကြောင်းက မနေ့ညက *

ဆိုပီးထိုကောင်လေး ဖစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြန်ပြောပြလေ၏။

ထိုအကြောင်းကတော့

*အမှန်တော့ မနေ့ညက ကျနော်အပြင်ကို သွားရင်း မတော်တဆ ကျနော့်ကောင်လေးကို တွေ့လိုက်ရတယ်လေ ဒါပေမဲ့လို့ သူတယောက်ထဲ မဟုတ်ဘူး သူကျနော် မဟုတ်တဲ့နေရာမှာ နောက်ထပ်ကောင်လေး တယောက်နဲ့ ဖောက်ပြန်နေတာကို ကျနော်တွေ့လိုက်ရတယ်လေ  *

ဆိုကာပြောလေတော့ ထိုလူကြီးလူကောင်းသည်

*အမှန်တော့ သူ့ဘက်ကမှားတာလေ မင်းကဘာဖစ်လို့ သရုပ်ဆောင်နေရအုံးမှာလည်း *

ဦးနှင့်သူ ( Complete )Where stories live. Discover now