"ပြော ခင်ဗျားဘာပြောချင်တာလဲ"
Dinner ကျင်းပတဲ့ hotel ရဲ့ ရေကူးကန်ဘေးမှာ ရပ်လိုက်ရင်း ဇရဲ့ ခပ် ဆောင့်ဆောင့်ထွက်လာတဲ့ အသံကြောင့် စေတမာန် ပြုံးလိုက်မိတယ် အရင်အတိတ်တွေတုန်းကလဲ ဇလေးရဲ့ စိတ်ကိုက အဲလို ခပ်မာမာပဲမလို့ စေတမာန်အတွက်က မထူးဆန်း သလိုပါပဲ
စေတမာန်ရေကန်ဘောင်ပေါ်ထိုင်လိုက်ပြီး ဇကိုလဲ လာထိုင်ဖို့ ပြောလိုက်တော့ ခေါင်းမာတဲ့သူက စေတမာန်ကို တချက်လေးမှအဖတ်မလုပ်ဘူးလေ
"ပြောစရာရှိတာ မြန်မြန်ပြော ကျွန်တော် အခရာ အစားဧည့်ခံပေးရအုံးမှာ"
"မင်းစိတ်ထဲမှာ သူကအရာရာအရေးပါနေတာလား ဇ"
"ပါတယ်"
"မင်းကိုယ့်နားမှာ တစ်နှစ်တိတိ လိုက်နေပေး"
"မနေပေးနိုင်ဘူး"
"ဒါဆိုလဲ အတိတ်တွေတုန်းကလို ကိုယ်က villainဖြစ်ပေးရမှာပေါ့ ဇ လေး"
"ခင်ဗျား လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား စေတမာန်"
"ကိုယ်က Jနိုင်ငံဝန်ကြီးချုပ် ကိုယ့်အဖေက Jနိုင်ငံသမ္မတ Jနိုင်ငံက Mနိုင်ငံနီးနီးလောက် မရှိရင်တောင် သူမသာကိုယ်မသာ အခြေအနေပါ"
"ခင်ဗျား"
"ကိုယ့်မှာ လုပ်နိုင်စွမ်းတွေအများကြီးရှိတာ မင်း သိပါတယ် ဇ ကိုယ့်ဘဝမှာလိုချင်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကိုယ်သက်သေပြထားပြီးပြီထင်တယ်နော် ဇ"
"ကိုယ့်ရဲ့ဇလေး ကိုယ်မင်းကိုသုံးရက်အချိန်ပေးမယ် သေချာလေးစဉ်းစားပေါ့"
ဇ ရဲ့ ပါးကို သာသာလေးထိပြီး ထွက်သွားတဲ့ စေတမာန်ကြောင့် ဇ ဒေါသတကြီး တောက်ခေါက်လိုက်မိတော့တယ်
တောက်
"ငါကျိန်ဆိုတယ် စေတမာန် အတိတ်တုန်းကလို မင်းသူတို့ကိုလုံးဝမထိစေရဘူး ငါကရအောင်ကာကွယ်မှာမလို့"
YOU ARE READING
M နိုင်ငံရဲ့သမ္မတက လူပျိုဖြစ်ရမယ်တဲ့ M နိုင်ငံရဲ့သမ္မတက လူပျိုဖြစ်ရမယ်တဲ
Mystery / Thrillerဒီဇာတ်လမ်းလေး ဘယ်ကစလဲလို့ပြောရင် ရာဇဝင်တွေ သမိုင်းကြောင်းတွေကစတယ်ပြောရမှာပေါ့ ဒီဇာတ်လမ်းလေး ဘယ်ကစလဲလို့ပြောရင် ရာဇဝင်တွေ သမိုင်းကြောင်းတွေကစတယ်ပြောရမှာပေါ့