"ဘာ ဘာပြောလိုက်တယ်"
"ဒီနေ့ က ကြာပန်းနိုင်ငံတော်ရဲ အရင်အိမ်ရှေ့စံရဲ့ ထိမ်းမြားလက်ထပ်ပွဲနေ့ပါ အိမ်ရှေ့စံ"
နန္ဒ ကြာပန်းနိုင်ငံကိုလွှတိထားတဲ့ အတွင်းလူဆီက သတင်းကြောင့် အရမ်းကိုတုန်လှုပ်သွားမိတော့တယ် သူ့ရဲ့ အဖြူလေးက တကယ်ကြီး တကယ်ကြီးကို သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်တဲ့
နန္ဒ ပြေးထွက်သွားပြီး မြင်းပေါ်တက်ပြီး ကြာပန်း နိုင်ငံတော်ကို ဦးတည်လိုက်တော့တယ် တလမ်း လုံးလည်း မျက်ရည်တွေက ထိန်းမရအောင် ကျနေတော့တယ်
"လက်မထပ်ရဘူး အဖြူလေး ကိုယ်ကလွဲရင် မင်း ဘယ်သူကိုမှ လက်မထပ်ရဘူး"
ဘယ်လောက်ပဲပြောနေပါစေ နန္ဒကို အရမ်းကိုခမ်း နားတဲ့မင်္ဂလာပွဲက ကြိုဆိုနေတော့တယ် နန်းရင်ပြင်တံခါးကိုဖွင့်ပေးထားပြီး ပြည်သူတွေကိုပါ မင်္ဂလာပွဲကိုတက်ရောက်ခွင့်ပေးထားတာမလို့ နန္ဒ နန်းတော်ထဲကို ဝင်ရောက်လာနိုင်တယ်လေ အနီရောင် သတို့သားဝတ်စုံလေးနဲ့အစွမ်းကုန် လှနေတဲ့ သူ့ရဲ့အဖြူလေး ပြည်သူတွေကိုကြည့်ပြီး ပြုံးနေတဲ့ပုံလေးက အရမ်းကို အေးချမ်းပင်မယ့် သူ့အတွက်ကတော့
"မင်းသားနဲ့ ကြင်ယာတော် ကျန်းမာပါစေ"
ပြည်သူတွေရဲ့ဆုတောင်းသံတွေကြားထဲမှာ သူ့ရဲ့အဖြူလေးက သတို့သမီးလက်ကို ဆုပ်ကိုင်ရင်းပြုံးနေတဲ့ပုံက သူ့ရင်ကိုတစစီဆုတ်ဖြဲပစ်လိုက်သလိုခံစားနေရတော့တယ်
"ကိုယ် မင်းကိုရအောင်ပြန်ယူမယ် အဖြူလေး"
သင်္ခ ပြည်သူတွေရဲ့ ဂါဝရပြုမှုကိုခံယူနေတဲ့အချိန် လူအုပ်ထဲကနေ နန္ဒကိုလှမ်းမြင်လိုက်တာမလို့ ပြုံးလိုက်မိတော့တယ် သူအတ္တကြီးတယ်ဆိုတာသိပင်မယ့် နန္ဒကိုတော့ တကြိမ်လောက် သူရဲ့သတိုးသားဝတ်စုံလေးနဲ့ပုံကိုမြင်တွေ့စေချင်တယ်လေ သူ့ကိုတမေ့တမော် ငေးမောပြီးလှည့်ထွက်သွားတဲ့ ကျောပြင်က သင်္ခကို အဆုံးစွန်နာကျင်မှုကိုဖြစ်စေတယ်လေ
YOU ARE READING
M နိုင်ငံရဲ့သမ္မတက လူပျိုဖြစ်ရမယ်တဲ့ M နိုင်ငံရဲ့သမ္မတက လူပျိုဖြစ်ရမယ်တဲ
Mystery / Thrillerဒီဇာတ်လမ်းလေး ဘယ်ကစလဲလို့ပြောရင် ရာဇဝင်တွေ သမိုင်းကြောင်းတွေကစတယ်ပြောရမှာပေါ့ ဒီဇာတ်လမ်းလေး ဘယ်ကစလဲလို့ပြောရင် ရာဇဝင်တွေ သမိုင်းကြောင်းတွေကစတယ်ပြောရမှာပေါ့