Chapter 9

3.1K 521 20
                                    

UNICODE

    
စူးယိရန်က အင်တာနက်ပေါ်မှာ ဝန်ထမ်းသစ်ခေါ်ယူကြောင်း ပို့စ်တင်ပြီး နှစ်ရက်အတွင်းမှာ ကိတ်မုန့်ဆိုင်မှာ အလုပ်သင်လုပ်ဖူးသည့် ကျန်းရှောင်ဟုန်အမည်ရှိ မိန်းကလေးတစ်ယောက်ကို ရေရှည်ဝန်ထမ်းအဖြစ်ခန့်လိုက်သည်။ သူက ပထမသုံးရက်အတွင်း အရင်ဆုံးအစမ်းခန့်ကာ စမ်းသပ်ချက်အောင်မှ တရားဝင်စာချုပ်ချုပ်ဖို့ စီစဥ်ထားသည်။

မတိုင်ခင်ကတော့ ရှောင်ဝမ်နှင့် ရှောင်ချန်ကို ရေရှည်အချိန်ပိုင်းဝန်ထမ်းတွေအဖြစ် ပိတ်ရက်တိုင်း အချိန်ပိုင်းလာလုပ်ပေးဖို့ သူ့မှာ အကြံကောင်းရှိထားသည်။ ထိုနှစ်ယောက်နှင့်လည်း စကားပြောပြီးပြီဖြစ်၏။ နှစ်ယောက်သားဟာလည်း အလွန်ပျော်ရွှင်ကာ စူးယိရန်နှင့် စာချုပ်ချုပ်ဖို့ ဝမ်းမြောက်ဝမ်းသာ သဘောတူထားသည်။
    
ဆိုင်မှာ ဝန်ထမ်းအသစ်တွေ ပိုများလာသည်နှင့်အတူ လစဥ်ကုန်ကျစားရိတ်ကလည်း တိုးလာကာ ဝင်ငွေများများဝင်ဖို့အရေး ဖိအားတွေကလည်း ပိုများလာသည်ပင် ဖြစ်၏။
    
ဤနှစ်ရက်က ရုံးတက်ရက်ဖြစ်ကာ စီးပွားရေးဧရိယာရှိအသွားအလာကလည်း ပိတ်ရက်များထက် အလွန်ကျဲပါးနေကာ ဆိုင်ဖွင့်ပွဲ ပထမနှစ်ရက်တာ ဒစ်စကောင့်ချသည့်ကာလပြီးသည်နောက် ဆိုင်၏ စီးပွားရေးကလည်း အတော်ငြိမ်ကျသွားသည်။
    
သို့သော်လည်း ဆိုင်သစ်လေးက ဟန်နီးမွန်းကာလမှာပင် ရှိနေသေးပါ၏။များစွာသော လူတွေဟာ ဆိုင်သစ်ရှိတာကို တွေ့ကာ သိချင်စိတ်ဖြင့် လာမြည်းစမ်းကြသည်။ ထို့ကြောင့်ပင် ကာစတန်မာအသွားအလာက သိပ်မဆိုး။ ပျှမ်းမျှအနေအထားဟုတော့ ယူဆလို့ရသည်။
    
ထို့ပြင် ထပ်ခါတလဲလဲလာတတ်သော ကာစတန်မာအများကြီးလည်း ရှိသေး၏။ သည်အနီးနားမှာနေထိုင်သည့် သို့မဟုတ် အလုပ်လုပ်နေသည့် ဒါဇင်ကျော်ကျော် ကာစတန်မာတွေလည်း ရှိသည်။ ဆိုင်ကို တစ်ခါလာပြီးနောက် သူတို့ဟာ အလွန်ကျေနပ်သွားကာ နောက်တစ်ခေါက် ထပ်လာတတ်ကြပြီး တချို့ကတော့ ကာစတန်မာအသစ်အများကြီးကိုပင် ဆွဲဆောင်လာကြသေးသည်။

ဤအခြေအနေက စူးယိရန်၏ ယခင်ဘဝကထက် အများကြီး ကောင်းမွန်သည်။
    
စူးယိရန်၏ ယခင်ဘဝ၌ စီးပွားရေးလုပ်ငန်းစတင်ခဲ့သည့် အစောပိုင်းနေ့ရက်တွေမှာ သူအများကြီး နာကျင်ခံစားခဲ့ရပြီး အခက်အခဲမျိုးစုံကိုလည်း တွေ့ကြုံခဲ့ရသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now