ရေကျသံလိုလို အသံတွေကြားနေရပြီး
ခပ်ဖွဖွခြေသံရယ် တံခါးပိတ်သံတိုးတိုးရယ်။
ဒီထူးဆန်းတဲ့အသံတွေကို
သိလိုစိတ်ပြင်းပျနေပေမဲ့ အိမ်မက်ထဲက
မလွတ်မြောက်နိုင်တဲ့လူတစ်ယောက်လို
မျက်လုံးတွေမဖွင့်နိုင်ခဲ့။"Ring.. ring"
ဘယ်လောက်ကြာကြာပြန်လည်
တိတ်ဆိတ်သွားမှန်းမသိတဲ့နောက်မှာ
ရှင်းရှင်းလင်းလင်းမြည်ဟီးလာတဲ့ဖုန်းသံ။မျက်လုံးတွေဖွင့်လိုက်တာနဲ့
ကျိန်းစပ်မှုကိုဦးစွာခံစားလိုက်ရပြီး
ထိုးကိုက်လာတဲ့ခေါင်းက တစ်ခုခုနဲ့
အထုခံနေရသလို။အသံလာရာစမ်းလိုက်ပြီး
လက်ထဲပါလာတဲ့ဖုန်းမှန်သားပြင်ပေါ်က
နာမည်က သူ့ခေါင်းကိုပိုပြီး
ရှုပ်ထွေးသွားစေလျှက်။ယွန်းဂျူ။
သူ့ဖုန်းကိုယွန်းဂျူက ဘာလို့ဆက်တာလဲ၊
နောက်ပြီး သူ့ဖုန်းထဲမှာ ဘယ်တုန်းက
ယွန်းဂျူဖုန်းနံပါတ်ကိုမှတ်ထားဖူးလို့လဲ။"ကျစ်.."
နားထင်ကိုတစ်ချက်ဖိလိုက်ပြီး
ဖုန်းကိုင်လိုက်တာနဲ့"ဖုန်းကိုင်တာကလည်းကြာလိုက်တာ၊
ဘာလုပ်နေတာလဲ""......"
"အိုပါး..အိပ်နေတုန်းလား"
အခု ယွန်းဂျူ ဘာတွေပြောနေတာလဲ။
"တကယ်ကြီးအိပ်နေတာလား၊
Shopping ထွက်ဖို့လာခေါ်မယ်ဆို
အိုပါးကကွာ..မရဘူး
အခုထပြီးထွက်လာခဲ့တော့""....."
"ဘာမှလည်းပြန်မပြောဘူး ၊
ပြန်အိပ်ပျော်သွားတာလားပဲ..၊
အော အိုပါး..ပါပါးဖုန်းဆက်တယ်၊
အိုပါးဆီဆက်တာမကိုင်လို့တဲ့
အားရင်ပြန်ခေါ်လိုက်ဦး ဒါပဲ..
တစ်နာရီအတွင်းရောက်အောင်လာခဲ့"တတီတီချသွားတဲ့ဖုန်းကို
ကြောင်ငေးကြည့်နေမိပြီး
ခေါင်းမော့လိုက်တော့မှ
မရင်းနီးတဲ့အခန်းထဲရောက်နေမှန်း
သိလိုက်ရပါတယ်။အပြင်အဆင်က ဟော်တယ်ထင်ရတာမို့
သူ့မျက်လုံးတွေဝိုင်းစက်သွားရတယ်။
အဲဒါထက်လန့်ဖို့ကောင်းတာက
ဒီအခန်းကို သူတစ်ယောက်တည်း
သုံးခဲ့ပုံမဟုတ်တဲ့ ခံစားချက်ကြီးရနေတာပဲ။
![](https://img.wattpad.com/cover/263337208-288-k512032.jpg)
YOU ARE READING
I'll Never Again(Complete)
Short Storyဘယ်တော့မှ မင်းကိုထပ်ပြီး.. ဘယ်တော့မှ မင်းကိုထပ်ပြီး..