Part 6

150 23 11
                                    

Unicode

​         ခြေလှမ်းတွေက မူမမှန်ချင်။ဒီလူတွေဟာ ညွှန်းကိုဆို နယ်ရုပ်ကလေးလို ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်မယ်လို့တွေးထားပုံရ၏။

           တုန်တုန်ချိချိဖြစ်နေသော ရင်အစုံကို မသိမသာခိုးရှိုက်ရင်း ပူတူးလေးရဲ့လက်ကို ခပ်တင်းတင်းလေးဆုပ်မိ၏။

             သူအဆင်မပြေမှန်းသိတဲ့ ပူတူးလေးက သူ့မျက်နှာကိုပဲ ခဏခဏလိုက်ကြည့်နေတာမို့ ပျက်ယွင်းနေတဲ့မျက်နှာကို ပြန်ပြင်လိုက်သည်။

" ပူတူးလေး ... ဘာစားချင်လဲ ... အိုက်စ်ဘယ်ရီမှာ ရေခဲမုန့်ဝင်စားချင်သေးလား "

" ဟင့်အင်း ... အိမ်ပဲပြန်မယ်လေကိုကို ... သမီးဘာမှမစားချင်တော့ဘူး ..."

" အင်း ... ဒါဆို ကိုကို ကားကိုအိမ်ပဲမောင်းလိုက်မယ်နော် ..."

" ဟုတ်ကဲ့ ..."

     ကားပါကင်ကနေ လမ်းမကြီးဘက် ဦးတည်ကာ သူ့ရဲ့အာတီကာ ကားလေးကိုမောင်းလိုက်၏။

       အလုပ်ပိတ်ရက်မို့ လမ်းပေါ်မှာ လူသွား လူလာမပြတ်သလို ကားတွေလည်းပိတ်၏။

       ဦးမော်သူငယ်ချင်းပြောမည့် စိတ်ဝင်စား စရာကိစ္စကိုသိချင်သော်လည်း ပတ်ပတ်သတ်သတ်တော့မလုပ်ချင်။ထိုပတ်ဝန်းကျင်ကလူတွေကို သူတက်နိုင်သမျှ ရှောင်ရမည်ဟုတွေးထား၏။

         ကားလေးကခြံထဲအဝင်မှာ ပန်းပင်တွေရေလောင်းနေသော အန်တီလေးက သူတို့ကိုလှမ်းကြည့်လာ၏။ပူတူးလေး ကားပေါ်ကနေပြေးဆင်းကာ အန်တီလေးထံသွားစဥ္ ညွှန်း ကားကိုပါကင်ထိုးလိုက်သည်။

" အမလေး ဘယ်လိုကြောင့်ပြေးလာတာလဲ ပူတူးလေးရယ် ... ချော်လဲမှဖြင့် .."

" အန်တီလေးကလည်း သမီးက ကလေးလေးမဟုတ်တော့ပါဘူးနော် ..."

" ဟုတ်ပါပြီလူကြီးလေးရယ် ... ဘယ်လိုလဲ ကိုကိုနဲ့ဘုရားဖူးသွားတာ ပျော်ခဲ့ရဲ့လား .."

        သူမမေးလိုက်တော့ ပူတူးလေးက ခေါင်းလေးကို တဆက်ဆက်ညိတ်ပြ၏။လူဆိုးလေးကနေ နေ့ချင်းညချင်း လူကြီးလေးတစ်ယောက်လို ပြောင်းလဲသွားသော တူလေးကို သူမသနားလည်းသနား၊အားလည်းကိုးမိသည်။
 
          မမတို့ကိုလည်း တူလေးရဲ့ လူကြီးဆန်လာပုံလေးကိုမြင်စေချင်မိသည်။သူများတွေအတွက် ယခုသူမတို့နေရတဲ့ဘဝက အဆင် ပြေကောင်းပြေလိမ့်မည်။သို့သော် ဘာဆိုဘာမှလိုလေးသေးမရှိခဲ့တဲ့ဘဝကနေ ငွေကိုခြွေတာသုံးနေရတဲ့ဘဝကို ချက်ခြင်းရောက်သွားရတဲ့ သူမတူလေးအတွက်ကတော့ ဒုက္ခဆင်းရဲတစ်မျိုးပင်။

ကြွေလွင့်သွားသော/ေႂကြလြင့္သြားေသာWhere stories live. Discover now