Part 12

122 15 16
                                    

Unicode

      ရန်ကုန်မြေကို ဆယ့်ငါးနှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်လည်ခြေချရသောကြောင့် နေသစ် စိတ်လှုပ်ရှားမိတာအမှန်။

       ငယ်ရွယ်တုန်းမှာ ဘာမဟုတ်တာလေးတွေကြောင့် ညီအစ်ကိုအချင်းချင်း စိတ်ဝမ်းကွဲမိပေမယ့် သူ့ရင်ထဲမုန်းနေတာမျိုးတော့မရှိပါ။

" သားငယ် "

လက်ကေ့စ်ကိုဆွဲပြီးထွက်လာစဥ္ သူ့ထံသို့ ပြုံးကြည့်ရင်း ခေါ်လာသော မေမေ့ကိုမြင်ရတာ စိတ်ကိုအေးချမ်းစေ၏။

မေမေ့ဘေးမှာတော့ ဖေဖေရယ်၊မော်ကွန်းရယ်ပါ မတ်တပ်ရပ်နေကြတာဖြစ်သည်။

" ဘာလို့လာကြိုရတာလဲ ... ပင်ပန်းတာပေါ့ဗျာ "

" အို ! မပင်ပန်းပါဘူးသားရယ် ၊သားပြန်လာမယ်ဆိုတည်းက မေမေတို့မှာမျှော်နေတာ "

ပျော်နေတဲ့မိခင်ကိုကြည့်ပြီး နေသစ်ပြုံးမိ၏။အဖေက ဟိုအရင်ကတည်းက သူ့ဘာသာအေးဆေးနေတက်သူမို့ စကားအများကြီးမပြောပေ။

နေသစ်တို့ အိမ်ကိုရောက်တော့ ညနေငါးနာရီနီးပါးလောက်ရှိနေပြီဖြစ်၏။

ရေမိုးချိုးပြီးနောက် အောက်ထပ်ဆင်းလာချိန် ဧည့်ခန်း၌လူစုံနေပြီဖြစ်သည်။

" သားငယ် ... ဗိုက်ဆာပြီလား "

" ဟင့်အင်း မဆာသေးပါဘူး "

" အင်း ... ဒီမှာ သားအစ်ကိုကို ဒီနေ့လူစုံအောင်လို့ခေါ်ထားရတယ် ... မဟုတ်ရင် သူကအလုပ်ထဲပဲ ခေါင်းပြန်စိုက်နေမှာ "

သားနှစ်ယောက်ကို ပြေလည်စေချင်သည့် မိဘတွေရဲ့စိတ်ကို သူနားလည်၏။ဒါ့ကြောင့် နေသစ် ခေါင်းငြိမ့်ပြလိုက်သည်။

" သားညီမလေးရော ငိုမှကျန်ခဲ့ရဲ့လား "

" ပထမနေ့ကတော့ငိုတယ် ... နောက်ရက်တော့မငိုတော့ဘူး "

" ကလေးတွေက ဒီလိုပါပဲ ... ဘာပဲဖြစ်ဖြစ် ဟိုမှာလည်း သူ့အဒေါ်တွေရှိတော့ စိတ်ချရပါတယ် "

" အင်း "

       ညပိုင်းမှာတော့ စားကြသောက်ကြ၊စကားတွေပြောကြနဲ့အချိန်ကုန်သွားတယ်။ဆွေမျိုးအချို့ကလည်း သူပြန်ရောက်လာတာကို ဝမ်းသာကြောင်း လာပြောတယ်။

ကြွေလွင့်သွားသော/ေႂကြလြင့္သြားေသာWhere stories live. Discover now