Arc1.3

2.2K 183 3
                                    

ပိုင်ချင်းယွမ်

'host... missionလေးဘာလေးလုပ်ဖို့စိတ်ကူးမရှိဘူးလားဟင်ಥ⁠_⁠ಥ'

'မလောပါနဲ့ကွာ ငါစိတ်ပါရင်လုပ်မှာပေါ့...'

'host!!!ပထမဆုံး ကမ္ဘာဖြစ်တာကြောင့်အချိန်အကြာကြီးနေလို့မရပါဘူးဆိုနေ..'
ဘယ်လောက်ပြောပြောgameဆော့မပျက်တဲ့hostကိုကြည့်ပြီးဖောလ်လေးစိတ်ညစ်နေပါပြီမနက်ကလည်းကျောင်းသွားမယ်ဆိုပြီး ဇာတ်လိုက်ကုမ္ပဏီမှာအလေလိုက်နေတဲ့hostရယ်ပါ

"ကလေးငယ် ဒီကိုလာပါအုန်း..."

"ဟုတ်ကဲ့ ကိုကို.."

'သူလင်ခေါ်တော့ချက်ချင်းထတယ် မီဝေါ့host..'

ချင်းယွမ်ပွစိပွစိပြောနေတဲ့ဖောလ်ကိုမသိချင်ယောင်ဆောင်ရင်း ဟိုလူကြီးနားကိုရောက်တော့ ပေါင်ပေါ်ဆွဲချလိုက်တဲ့လူကြောင့်ကိုယ်လုံးလေးတောင့်တင်းသွားခဲ့သည်

"ကို..ကို ဘာ..ဘာလုပ်တာလဲ"

"ငြိမ်ငြိမ်နေကွာ ကိုယ်ပင်ပန်းနေလို့.."

ပြောရင်းခါးပေါ်ကလက်တွေကိုတင်းကြပ်လိုက်တာကြောင့်ချင်းယွမ်အသက်အောင့်မိသွားတယ်
လက်ပင်းနားကိုတရှုံ့ရှံ့လုပ်နေတဲ့ဇာတ်လိုက်ကောင်ကြောင့်"ယားတယ် ကိုကို မလုပ်နဲ့.."
ဇာတ်လိုက်မျက်နှာကိုတွန်းထုတ်ရင်း စိတ်ထဲမှာတော့အော်ဟစ်နေလေရဲ့'ဂါးး ဘယ်ညီအကိုကဒီလိုလုပ်လို့လဲလို့..ဇာတ်လိုက်နှာဘူးကောင်..'
‌ဖောလ်ဖောလ်လေးကတော့ရှေ့ကမြင်ကွင်းကိုမမြင်ချင်ယောင်သာဆောင်ရင်းလေတချွန်ချွန်လုပ်နေလေရဲ့

ဒေါက် ဒေါက်..

"ဝင်ခဲ့"

လင်းရွယ်တစ်ယောက်bossရဲ့အေးစက်စက်အသံကြီးကြောင့် လန့်သွားခဲ့တယ် ငါဘာအမှားလုပ်မိလို့ပါလိမ့်.. အခန်းထဲရောက်တော့bossနဲ့bossရင်ခွင်ထဲကသခင်လေးကြောင့် မဆီမဆိုင်တွေးမိသွားတာက bossကသူ့ညီလေးကို အရမ်းချစ်တာပဲပေါင်ပေါ်ကတောင်မချဘူး..အေးပေါ့လေသခင်လေးကလည်းအရမ်းချစ်ဖို့ကောင်းတာကို..'

မိမိတို့နှစ်ယောက်ကိုကြည့်ရင်းခေါင်းတညိမ့်ညိမ့်လုပ်နေတဲ့ကောင်ကြောင့်စိတ်ကမကြည်တော့ပေ
"ဘာကိစ္စလဲ မြန်မြန်ပြော"

System 0461 [Uni&Zaw]Where stories live. Discover now