Arc4.4

1.3K 133 1
                                    

Ethan

အခုဆိုနှစ်ရက်ရှိပြီEtharပျောက်သွားတယ်ဆိုတဲ့ပြောင်းလဲခြင်းတောအုပ်ထဲရောက်နေသည်မှာတောအုပ်ကကြီးမားပြီးနယ်မြေအပိုင်းအခြားတစ်ခုလိုပဲဘယ်နယ်မြေနဲ့ပိုင်းခြားထားတာလဲပဲမသိတာတစ်ခါတစ်လေတော့သားရဲတွေရဲ့အော်သံကြားနေရသည် Lucasပြောတာတော့ထိုသားရဲတွေကလူသားပုံစံပြောင်းလို့မရတာတွေဆိုတာပဲပြီးတော့ဒီတောအုပ်ထဲမှာပြောင်းလဲခြင်းကိုရှာယူနေခြင်း ထိုသို့အလိုရှိရာပြောင်းလဲနိုင်ဖို့အတွက်တောအုပ်ရဲ့ရတနာဆိုတဲ့အရာကိုလည်းရှာရသည်ထိုအရာကိုလူတိုင်းမတွေ့နိုင်သလိုတွေ့ခဲ့ရင်လည်းအန္တာရာယ်ရှိတာကြောင့် မည်သူမှလက်ဝယ်မပိုင်ဆိုင်နိုင်ခဲ့ချေ

သူတို့ဒီတောအုပ်ထဲရောက်ထဲကစောင့်ကြည့်ခံနေရသလိုဖြစ်တာကြောင့်အစစအရာသတိထားနေရသည်Ethanအတွက်ကတော့Lucasနဲ့Anthonyရဲ့ဂရုစိုက်မှုတွေကြောင့်အလိုလိုက်ခံသခင်လေးလိုလေပေါ်မြောက်နေတော့သည်

"Lucasသွားတာကြာလိုက်တာနော်Anthony"

Ethanမှာတောအုပ်ထဲကချောင်းတစ်ခုနားထိုင်ကာရေထဲဆင်းကာငါးဖမ်းနေသောAnthonyကိုအော်ပြောလိုက်သည်ဒီရက်အတွင်းမှာသူတို့နှစ်ယောက်ရင်းနှီးလာပြီဖြစ်သလိုတစ်ခါတစ်လေAnthonyဆီမှာကိုကိုရဲ့အငွေ့အသက်တွေရတတ်တယ်ဒါပေမယ့်Lucasလောက်တော့မများပေအခုလည်းLucasကသစ်သီးတွေရှာဖို့ဆိုပြီးတောထဲထွက်သွားကာသူနဲ့Anthonyကိုထားခဲ့ခြင်းဖြစ်သည်

"ကလေးက ဗိုက်ဆာပြီလား ကိုယ်ဖမ်းထားတဲ့ငါးတွေစားမလား"

"ဗိုက်ဆာလို့မဟုတ်ပါဘူး Lucasပြန်လာမှတူတူတူစားကြမယ်လေ ခင်ဗျားလည်းရေထဲကတက်တော့လေငါးဖမ်းတာပြီးရင်"

"ဟုတ်ပါပြီ ကိုယ်တက်ခဲ့မယ်"

ထို့နောက်AnthonyမှာEthanဘေးဝင်ထိုင်လေသည်
"Anthonyခင်ဗျားဘာလို့ကျနော့်နောက်လိုက်လာတာလဲ ကျနော်ကကိုယ့်ဘာကိုယ်တောင်ဘယ်သွားရမှန်းသိတဲ့လူမဟုတ်ဘူးလေ"

"ကိုယ်လည်းသေချာမသိဘူး ကိုယ့်ရဲ့အသိစိတ်က ကလေးနောက်ကိုလိုက်ပေးဖို့စေခိုင်းခဲ့တဲ့ပုံပဲ"

ထိုသို့ပြောပြီးAnthonyကခပ်ဖွဖွရယ်သည်Ethanလည်းသေချာမသိတော့သူ့လူကြီးကပဲနှစ်ယောက်ဖြစ်နေတာလားဆိုတာ
'ဟင်း ဖောလ်ရှိရင်လည်းကောင်းသား'

System 0461 [Uni&Zaw]Where stories live. Discover now