part9

3.4K 193 2
                                    

Uni

ခဏအကြာ ဝံက အထဲပြန်ဝင်လာသည်
သူ့လက်ထဲမှာ စားစရာတွေပါလာသည်

ဝံက နှိုင်းနားကိူ နီးကပ်စွာထိုင်လာသည်

"ကလေးငယ် စားလို့ရအောင်ယူလာပေးတာ စားလိုက်နော်"

"ဟုတ်"

"ကိုယ်ခွံ့ကျွေးမယ်"

"အဲ့လောက်ထိမလိုပါဘူးဗျာ"

"ကလေးငယ် ပင်ပန်းထားတယ်မလား ကိုယ် ခွံ့ကျွေးချင်လို့ပါ နော်"

"ဝံ သဘောပဲ"

နှိုင်းမဲ့လဲ ဝံခွံ့ကျွေးတဲ့အတိုင်းအငြိမ့်သားထိုင်ကာ စားနေလိုက်တော့သည် ငါးကင်လေးစားလိုက် ငါးစွတ်ပြုတ်လေးသောင်လိုက်နဲ့ အားတွေပြည့်လာသလိုပင်ခံစားရသည်

အရသာရှိရှိ စားနေတဲ့ကလေးငယ်ကိုကြည့်ကာ ဝံပျော်မိသည်။

"စားလို့ကောင်းရဲ့လား ကလေးငယ်"

"အင်း"

"ရှိသေးတယ် ကလေးငယ်မဝသေးရင် ကိုယ်ထပ်ယူပေးမယ်"

"တော်ပြီ တော်ပြီ ကျွန်တော်ဝနေပြီ ဝံ"

ပြောကာ နှိုင်းမဲ့ အားပါးတရပြုံးပြလိုက်သည် ထိုအခါမှ ဝံကလဲ စိတ်အေးသွားသလိုပင်ပြုံးပြလာလေသည်။

"ဝံ ဒီနေ့ အပြင်မသွားလို့ရမလား "

"ဟမ်"

"ဟို‌လေ ကျွန်တော်တစ်ယောက်တည်း ဒီမှာမနေချင်ဘူး ပျင်းတယ်"

"ကိုယ့်ကိုအဖော်ပြုပေးစေချင်တာလား"

"ဟုတ်တယ် ဒါပေမဲ့ ဝံအချိန်မရှိရင်လဲ ရပါတယ်"

ကလေးငယ်ရဲ့ လက်နှစ်ဖတ်ကို ဝံဆုပ်ကိုင်လိုက်သည်

"မဟုတ်ဘူး ကိုယ့်ရဲ့အချိန်တွေအားလုံးက မင်းအတွက်ပဲ ကိုယ့်ဘဝရဲ့အချိန်အားလုံးမှာ ကလေးငယ်ကိုပဲအဖော်ပြုပြီးနေသွားတော့မှာ ကိုယ့်ကိုယုံ"

နှိုင်းကျေနပ်စွာပြုံးမိသည်

"ဟုတ်"

"ကိုယ်ဒီနေ့ ဘယ်မှမသွားဘူး ကလေးငယ်အနားမှာအဖော်လုပ်ပေးမယ် ဟုတ်ပြီလား"

နှိုင်းမဲ့ ဝံရဲ့ ရင်ခွင်ကျယ်ကြီးကိုမှီကာ ဝံရဲ့ခါးကိုဖတ်ထားလိုက်ပြီး ကိုယ်သင်းနံ့ရယ်လိုမရှိတဲ့ ဝံရဲ့ သားရိုင်းအနံ့ကိုရှူရှိုက်လိုက်ပြီး စိတ်အေးစွာပင် ပြန်ဖြေလိုက်သည်

The wolf is my husband (Part...1)Where stories live. Discover now