မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေ

69 3 0
                                    

မောင်က သိပ်အတ္တကြီးတယ်.....
မောင့် လက်ကောက်ဝတ်က
တက်တူးနဲ့တောင်
သဝန်တိုတတ်တဲ့ မိန်းမကို....
တစ်ယောက်ထဲ နေပါရစေတဲ့....

မောင် ပြောတဲ့ ဂုဏ်တွေ ဒြပ်တွေ
မက်မောပါတယ်ဆိုတဲ့မိန်းမက
မောင့် စက်ဘီး carrier ပေါ်မှာ
ထိုင်နေရရင်ကို တစ်ကမ္ဘာလုံး
အပိုင်စားရထားသလို
ထင်နေတတ်တာလေ......

ချစ်လားလို့မေးရင်
မချစ်ဘူးလို့ဖြေမယ်.....
လွမ်းလား လို့မေးရင်
မောင် က အဲ့လောက်အရေးပါလို့လားလို့
ရွဲ့ဖြေမယ်.....
မင်း အရမ်းအသဲမာတာပဲဆို
စီးကရက်ငွေ့တွေ ကြားကနေ
ဟက်ဟက်ပက်ပက် အော်ရီမယ်.....

မောင် ကျောခိုင်းသွားရင်တော့
တစ်ညလုံး တနေ့လုံး
မအိပ်မစားပဲနေထားလို့
မဲညိုနေတဲ့မျက်လုံးတွေ
နှုတ်ခမ်းနီ ရဲရဲတွေနဲ့ ဖုံးထားတဲ့
သွေးမရှိတဲ့ နှုတ်ခမ်းတွေနဲ့
ကော်ဖီနဲ့ စီးကရက်ကို
ညစာအဖြစ် မြည်းမယ်......

ဒါဟာ ရူးကြောင်ကြောင်မိန်းမတစ်ယောက်ရဲ့
ခပ်ပေါပေါ မာနတွေပါပေါ့......
မောင်မရှိလဲ ဖြစ်တယ်လို့
ရွဲ့ပြောမိတဲ့ ငါ့စကားတွေအတွက်
သက်သေပြဖို့
ဘယ်နှစ်ဘဝလောက်
ငါ သေပြရမလဲ?

#Amelia

မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေHikayelerin yaşadığı yer. Şimdi keşfedin