Night

19 0 0
                                    

နာကျင်စရာတွေကို
အပြုံးလေးနဲ့ဖုံး ထားတယ်
အတိတ်မှာ ငါအနိုင်ယူသမျှ
ပစ္စုန်ပ္ပန် မှာ ဝှက်ဖဲတွေနဲ့....

စကားသံလေး မှမဟုတ်ဘူး
မြင်ရတဲ့ conversation အပိုင်းအစလေး
တစ်ခုကလဲ
မျက်လုံးထဲမှာ တိမ်တွေပြိုစေတယ်
ပါးပေါ်ကို ခုန်ဆင်းမလာဖို့က
ငါ့တာဝန်လေ.....

ညနက်လေ ဒဏ်ရာတွေကခက်လေ...
ဘယ် သီအိုရီနဲ့မှ
မင်းနဲ့ အံဝင်ခွင်ကျ ဖြစ်မှာလဲ....

မင်းကမေ့တတ်တယ်
သံသရာပါမဲ့ ချည်ထုံးလေးအတွက်
ပုံပြင် လေး ပြောပြလိုက်
ကြိုးမိန့်ပေးလိုက်
အိပ်မက်ထဲမှာတော့
ငါအကြိမ်ကြိမ်သေတယ်....

ခနလေးပါဆ်ိုလို့
ဇာတ်လမ်းအပိုင်းအစတွေထဲမှာ
ငါ့ကိုယ်ငါ နှစ်ခဲ့တယ်
အပြန်ပြန်အလှန်လှန် သာ
ပြန်ကြည့်နေရတဲ့ ဇာတ်လမ်းထဲက
ငါ့ကို မင်းဘယ်တော့
လာခေါ်မှာလဲ......

နေ့တစ်နေ့စတိုင်း
မနေ့က ပြသနာပဲ
အခါခါ ပြန်ရှာနေရတဲ့
ပြသနာကောင် ငါက
စိတ်တိုင်းလဲမကျဘူး
နောင်တလဲမရဘူး
နေမြင့်လေ အရူးရင့်လေ....

နေနိုင်ပါတယ်ဆိုပြီး
မာနကြီးတခွဲသားနဲ့ ကောင်လဲ
မင်းနဲ့မှ ရှုံးရတယ်....

ဘယ်လိုမှ ပြောင်းလဲမရတဲ့အဆုံး
ငါ့ကိုယ်ငါပဲ ပြုပြင်လိုက်ရတယ်
သိတယ်မလား
ငါက မင်းသံပတ်ပေးမှ ပြုံးတဲ့ကောင်
မင်း စကားမှ နားယောင်တတ်တဲ့ကောင်....

#Amelia

မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေOnde histórias criam vida. Descubra agora