ကံကော်(mesua ferrea)part-5

1.5K 102 0
                                    

'ရှိုင်းထက်အိမ်'

'ဗျာ တီချယ်'

'မနက်စာ စားပြီးပြီလား'

'မစားရသေးဘူး တီချယ်'

ဒီရက်ပိုင်း မာမီမှာ အလုပ်အလွန်ရှုပ်နေသဖြင့် ရှိုင်းမနက်စာ မစားရသည်မှာ 2ရက်3ရက်ရှိပြီ ဖြစ်သည်။

'ရော့ ဒီမှာ လဘက်ရည်နဲ့ အီကြာကွေးနဲ့ စားမလား'

'တီချယ်ကရော'

'တီချယ်က ဒီမှာ စားပြီးပြီ'

'သမီးဖို့ဝယ်ထားတာ'

'အော် ဟုတ်တီချယ် စားပြီးရင် ခွက်ဆေးပြီး လာပေးမယ်နော်'

'အေးအေး'

ခြူးမှာတော့ ထိုနေရာတွင် မရှိသလိုပင်။

'နှစ်ခါရှိပြီနော် နောက်ခါနင်နဲ့ ဘယ်ကိုမှ မလိုက်တော့ဘူး'

'ဘာဖြစ်လို့လဲ'

'နင်က နက့်တီချယ်နဲ့တွေ့ရင် ငါကမရှိသလိုဘဲ တကယ်တည်း နှစ်ယောက်သား ချစ်ကြည်နူးနေလိုက်တာများ ငါက သရဲမကြီးကို ကျနေတာဘဲ'

ခြူးမှ စိတ်ဆိုးသော အသံဖြင့် ပြောသောအခါ ရှိုင်းမှ ချော့ရပြန်သည်။ ခြူးတစ်ယောက်တည်းကိုမဟုတ် အုပ်စုထဲတွင် လူတိုင်းက ရှိုင်းကို သိတ်ကောက်တတ်ကြသည်။ သူတို့စိတ်ကောက်ရင်လည်း ရှိုင်းကမနေနိုင် လိုက်ချော့ရသည်။ ရှိုင်းစိတ်ကောက်လျှင် ချော့မည့်သူမရှိ။ ရှိုင်းကအမြဲ သီးခံပေးသည်။

'သူငယ်ချင်းလေးကလည်း ငါက တီချယ့်နဲ့ စကားပြောနေရရင် ဘယ်သူ့ကိုမှ မမြင်တော့လို့ပါဟ နင်ကလည်း နင်လည်း နင့်ဟာကြီးနဲ့ စကားပြောနေရင် ငါ့ကို အဖတ်တောင်လုပ်လို့လား'

'အေးပါ ကျေသွားပြီလို့ဘဲ သဘောထားလိုက်မယ်'

'ဒီလိုမှပေါ့'

မုန့်စားပြီးနောက် ခွက်ဆေးကာ တီချယ့်ကို သွားပေးလိုက်သည်။

ထို့နောက် တိတယအချိန်အရောက် မိကျော်မှ toiletသွားချင်သည်ဟု ပြောသဖြင့် toiletဘက်သို့ထွက်လာခဲ့သည်။ ထိုစဥ် toiletထဲတွင် တီချယ်ရှိနေသည်။

'တီချယ် ကျနော် ပြောအုန်းမယ်'

'အင်းပြော'

ကံ့ကော် (mesua ferrea)Donde viven las historias. Descúbrelo ahora