ကံကော်(mesua ferrea)part-6

1.4K 97 4
                                    

'ရှိုင်းရေ....ထတော့...'

'.......'

'ရှိုင်းထက်အိမ်....'

'ထပြီမာမီ..ထပြီ'

'တနေ့ တနေ့ နင့်နှိုးရတာလည်း ငါလိပ်ခေါင်းထွက်တော့မယ်သိလား'

'မာမီကလည်း...မနှိုးရတာ ဘယ်နှပတ်ရှိပြီလည်း...အခုမှ တစ်ရက်လေးနှိုးရတာကို ညကအိပ်တာနောက်ကျသွားလို့ပါဗျ'

'အေး အေး ညကြရင် အပေါ်တတ်တတ်ပြီး သီချင်းတွေဆိုနေသိလား ငါ့ကို ဘယ်နေ့ ရက်ကွက်လူကြီး လာပြောမလဲမသိဘူး'

'ပြောပေါ့ မာမီကလည်း ကိုယ့်အိမ်ကိုဆိုနေတာ သူ့အိမ်ရှေ့သွားပြီး သူ့သမီးသွားပိုးနေတာလည်း မဟုတ်ဘူး'

'အေး ဟေ့ မပြောတော့ဘူး နင့်ကိုနိုင်အောင်ငါမပြောနိုင်ဘူးဟေ့ သွား ရေသွားချိုးတော့ ​ငါအလုပ်သွားပြီ ကျောင်းသွားရင် တံခါး သေချာပိတ်သွား'

'ကောင်းပါပြီ ကောင်မလေးရေ'တခါတရံ ရှိုင်းသည် အမေဖြစ်သူအား စနောက်ပြီးခေါ်တတ်သေးသည်။

ရေချိုးပြီးနောက် ပြင်ဆင်ကာ ကျောင်းသွားလိုက်သည်။

ယနေ့မှာ 8.11.22 အင်္ဂါနေ့ပင်။

bioတွဲဖြစ်သဖြင့် တပတ်လုံးတွင် သမိုင်း၁ချိန် ပထဝီ၁ချိန် ဘောဂ၁ချိန်သာသင်ရသည်။ ထိုသုံးဘာသာပေါင်းကို လူမှုရေးသိပ္ပံဟုလည်းခေါ်သည်။

ယနေ့မှာ သမိုင်းချိန်ပါသည်။ ညကအိပ်ရေးပျက်ထားတာကြောင့် ရှိုက်းအလွန်ပင်ငိုက်နေသည်။ ရှိုင်းတို့အုပ်စုမှာ ခုံတန်း နှစ်တန်းကို ဟိုလှည့်သည်လှည့်နှင့်ထိုင်ကြသည်။ နေရာ အတိအကျရယ်လို့မရှိ။ ယနေ့မှာ အဆု မိကျော် နှင့် သဒ္ဓါလေး တို့မှာ တစ်ခုံထိုင်ကြပြီး ရှိုင်း ရွှေစင် နှင့် ခြူးတို့မှာ တစ်ခုံထိုင်ကြသည်။ နောက်ဆုံးတန်းဖြစ်သဖြင့် လွပ်လပ်ရေး ရနေကြသော ရှိုင်းတို့ သုံးယောက်မှာ သမိုင်းချိန်တွင် စာအုပ်ထောင်ပြီး အိပ်ကြလေသည်။

သို့သော် စာသင်ချိန်ကုန်ခါနီး၁၅မိနစ်အလိုတွင် သမိုင်းဆရာမက တွေ့သွားလေသည်။

'ဟို နောက်ဆုံးတန်းက နှစ်ယောက် ဘာလို့အိပ်နေတာလဲ ထကြစမ်း သမိုင်းသင်နေတာ ပုံပြင်ပြောပြနေတာ မဟုတ်ဘူး ခုချက်ချင်းထ'

ကံ့ကော် (mesua ferrea)Where stories live. Discover now