Chapter 10 : Part 1

2.9K 498 5
                                    

Unicode


ကုယွမ်းထင်သည် သူ့လက်ထဲက သစ်သားထွင်းလက်ရာဆီကနေ ရုတ်တရက်ကြီး အချွန်နှင့်အထိုးခံလိုက်ရသလို စူးရှသောခံစားချက်ကြီး ခံစားလိုက်ရသည်။ သူက သစ်သားထွင်းလက်ရာကို နံဘေးက စားပွဲပေါ် တင်လိုက်၏။ သို့ငြား လက်ထဲမှာတော့ အနည်းငယ်စူးရှသောခံစားချက်ကြီးက ရှိနေတုန်းပင်။

စူးယိရန်က ကုယွမ်းထင်ထံ မျှော်လင့်တကြီးကြည့်ကာ ထင်ကောပျော်သွားမည်ဟု ယုံကြည်နေ၏။

"ယိထင်"ဟူသောစာလုံးက မူလကတော့ သူတို့နှစ်ယောက်နာမည်ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ထူးခြားသောအဓိပ္ပါယ်များရှိသည်။ ခုတော့ ထင်ကောက သူနှင့်အတူ ဆိုင်ကို မဖွင့်တော့ဟုဆိုရာ သူတို့နှစ်ယောက်လုပ်ထားသည့်ဤအရာလေးကို ဆိုင်၏ လာဘ်ခေါ်အဆောင်လေးအဖြစ် သုံးလိုက်တာက မှန်ကန်ပေသည်။

ကုယွမ်းထင်သည် စူးယိရန်၏ တောက်တောက်ပပမျက်ဝန်းများကိုကြည့်ကာ နောက်ဆုံးတော့လည်း ထိုကောင်လေး စိတ်ပျက်သွားမှာကို မလိုလားတာကြောင့် ပြောလိုက်ရလေ၏။

"ကျေးဇူး...ကိုယ်...အရမ်းပျော်တယ်"

စူးယိရန်က နှစ်လိုဖွယ်ရာလေး ပြုံးပြလေသည်။

ထိုအပြုံးက စူးယိရန်ဟာ မူလပိုင်ရှင်အတွက် သူ စပရိုက်ဖန်တီးပေးတာ အောင်မြင်သွားသည်ဟုတွေးတာကြောင့်ပြုံးခြင်းဆိုတာ ကုယွမ်းထင်သိသည်။

သူသည် ရင်ထဲမှာ အလဲထိုးခံလိုက်ရသလိုဖြစ်သွားကာ ခံစားချက်က ဖော်ပြရခက်လောက်အောင် အမည်တပ်ရခက်နေသည်။ မျက်ဝန်းထောင့်ကနေတောင် သစ်သားထွင်းလက်ရာကို မမြင်ရတော့အောင် သူမျက်လုံးလွှဲပစ်လိုက်၏။

ကုယွမ်းထင်က ပြောလိုက်သည်။

"ဒါပေမဲ့....ဒီပစ္စည်းက..မပြည့်စုံသေးဘူး။ နှစ်ရက်အတွင်း ပိုကောင်းတဲ့တစ်ခုကို ကိုယ်ယူခဲ့မယ်"

စူးယိရန်က အံ့အားသင့်ဟန်လေးဖြင့်

"ကျွန်တော့်အထင် ဒါကအတော်ကောင်းနေပြီလားလို့လေ"

သူက စားပွဲပေါ်က သစ်သားထွင်းလက်ရာကိုကောက်ကိုင်ကာ ထပ်ခါတလဲလဲ အပြန်ပြန်အလှန်လှန်ကြည့်ကာ ဘာမှမှားတာမရှိဟု ခံစားမိ၏။

"ပြီးတော့ ဒါက ကျွန်တော်နဲ့ခင်ဗျား အတူလုပ်ထားတာလေ။ ကျွန်တော်ကြိုက်တယ်။အဲ့ဒါကြောင့် ဝယ်စရာ မလိုတော့ဘူး"

ကုယွမ်းထင် : ".....နှစ်ရက်နေရင် ကိုယ်နဲ့မင်းနဲ့ နောက်တစ်ခုလုပ်ကြမယ်လေ"

သူက ထပ်ဖြည့်ပြောလိုက်သေးသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now