Part 8

3.9K 196 8
                                    

နက်မှောင်နေသော အခန်းကျယ်ကျယ်နဲ့   နက်မှောင်နေပြန်သော လိုက်ကာတွေ ထိုလိုက်ကာတွေနောက်မှ တစ်စွန်းတစ်စထွက်ပေါ်နေသော နေ့အလင်းရောင်  ဒါတွေဟာ ကြွေနိုးနိုးချင်းမြင်လိုက်ရသော အရာများ
ထို့နောက် ကြွေထမည်ပြင်တော့  ထမရ  အကြောင်းရင်းအားရှာမိတော့ မိမိကိုတင်းကျပ်စွာဖက်တွယ်ထားသည့် လက်တစ်စုံ ထိုလက်တစ်စုံ၏ နောက်တွင်တော့  တွန့်ချိုးနေတဲ့ မျက်ခုံးတစ်စုံ ဖြောင့်စင်းနေသောနှာတံ မေးရိုးကားကားနဲ့ ကျယ်ပြန့်တဲ့ရင်အုပ် ထို ရင်အုပ်သည် မိမိအား နောက်မှ သိုင်းဖက်၍ ရင်ခွင်ထဲသို့ထည့်ထားလေသည်  ကြွေ ဘယ်သူမှန်း မသိပေမယ့် ကြွေ့စိတ်ထဲ ဘာကြောင့်ရယ်မသိရင်းနှီးနေသလို  သို့သော် သူစိမ်းတစ်‌ယောက်ရင်ခွင်ထဲမှာဆိုတဲ့အသိက ကြွေ့အားရှက်သွေးဖြာစေသည်  ထိုလက်တွေဆီမှ ရုန်းထွက်မိတော့

"နိုးနေပြီလား ကလေးလေး ဘယ်နားနာနေသေးလဲ  ဟင် ကိုယ့်ကိုပြော "
တော်ဝင် လှုပ်ရှားမှုကြောင့် နိုးလာတော့ စိတိသိပ်မကြည်ဖြစ်သွားရသည် မျက်လုံးဖွင့်ကြည့်တော့ တော်ဝင့်အား ပြူးတူးတူးလေး ကြည့်နေသော ကလေးငယ်အား‌ တွေ့လိုက်ရလေသည်  မျက်နှာတစ်ခုလုံးလဲ နီရဲလို့ အဖျားစမ်းကြည့်တော့လဲ မရှိပါဖူး တော်ဝင်မေးကြည့်တော့

"ဟို ဟိုဟာ လက် လွတ်ပေးကြည့် "

အော် အကြောင်းရင်းက တော်ဝင် သူလေးကိုဖက်ထားတဲ့လက်ကြောင့်ပင် ဘယ်နှယ့် ဖက်ထားရုံလေးကို တစ်ကိုယ်လုံး ခရမ်းချဉ်သီး လုံးလေးကျနေတာပဲ ကျစ် ဘယ်နေရာကြည့်ကြည့်  ချစ်ဖို့ကောင်းနေတာတွေကြီးပဲ

"ဟက် ဟုတ်ပါပီ ကိုယ်လွှတ်‌လိုက်ပြီနော် ဘာစားချင်လဲ ကလေးလေး  ဗိုက်ကောဆာနေပြီလား "

ကြွေ မိမိခေါင်းအား ကိုင်၍ မေးနေသူအား ကြောင်၍ကြည့်နေမိသည် ထိုလူကဘယ်သူလဲ သူကဘာကြောင့် ကြွေ့ကိုဂရုစိုက်နေတာလဲ

" ဘယ်သူလဲဟင် ကြွေ့ကိုသိလို့လားဟင်"

အော် တော်ဝင်ခမျာ နင်တောင်သွားတယ် ကိုယ့်မှာတော့  သူလေးဗိုက်ဆာနေမှာဆိုးလို့  မေးလိုက်ရတာ သူလေးကတော့  တော်ဝင့်အား ဘယ်သူလဲတဲ့ လုပ်ကြပါအုံးဟ တစ်ကမ္ဘာလုံးက လူတွေကိုချေခဲ့တဲ့ ငါ မြင့်မြတ်တော်ဝင်က ဒီကလေးငယ်နဲ့ကျမှ လူရာတောင်မဝင်‌ေတာ့သလို မဖြစ်သေးဘူး ခဏနေ စိုင်းတို့ကိုသွားချေမှရမယါ အင်းး    အခုတော့ ရှေ့ကအကောင်ပေါက်လေးကို ဖြေရအုံးမယ်

ကြွေငယ်( Complete ❤)Where stories live. Discover now