part 14

161 10 0
                                    

ပြာလဲ့နေသော ကောင်းကင်  မနက်ခင်း နေရောင်ခြည်မှာ ကမ္ဘာလောကတစ်ခွင်သို့ ဖြန့်ကျက်ထားလေသည် 
လူတော်တော်များများက မနက်ခင်းနေရောင်ခြည်ကို လမ်းလျှောက်ဖို့ ကျန်းမာရေးအတွက် သုံးကြသလို
တစ်ချို့ကတော့ နေရောင်ကို မမြင်နိုင်စွာမခံစားနိုင်စွာ ပင်ပန်းစွာ ဘဝကိုဖြတ်သန်းနေကြသူတွေလည်းရှိကြသည် သို့သော် မဟူရာစံအိမ်အတွင်းမှာတော့

"ကလေးငယ် ထတော့လေကွယ် "

တော်ဝင့်ရဲ့ကလေးငယ်မှာ အအိပ်မက် အစားမက်ကလေးပင် ပါးစပ်ထဲကို တစ်ခုမဟုတ် တစ်ခု ထည့်လိုက်ရမှကျေနပ်နေတာ တစ်ခါတစ်ခါကျပြန်လဲ ဖုန်းထဲက လိမ္မော်ရောင် appထဲဝင်ပြီး ဘာတွေဖတ်နေလဲမသိ ရီလိုက်ငိုလိုက်နဲ့ အခုဆို အပြင်သွားတာတောင်မဟုတ်သေးဘူး စံအိမ်ထဲက ယောကျာ်းလေးနှစ်ယောက် အတူတူဘေးချင်းကပ်ပြောနေရင်တောင် တိုးတိုးနဲ့ရီနေတာ တစ်ခါတစ်ခါဆို
ရှိုင်းကတောင်ပါလိုက်သေးတယ်  ပြီးရင်လည်း တော်ဝင့် tabletကြီးယူပြီး ဘာတဲ့Don't say no နဲ့ ဘာ ပွန်းဆိုလား ကြည့်နေသေးတာ ကြည့်လည်း ရိုးရိုးမကြည့်ဖူး ခင် ခင်နဲ့ ပြီးရင် လေအို .....
ဆိုတာကပါသေး ဒီကြားထဲ ဟိုကောင် ရှိုင်းအသံပါ ပါသေး တော်ဝင်နဲ့ စိုင်းမှာတော့ ရှိုင်းအား ကလေးငယ်ရဲ့ ကိုယ်ရံတော် လုပ်ခိုင်းလိုက်တာ မှားတယ်လို့တောင် တွေးနေကြသေးတာ အခုလဲ တော်ဝင် အိပ်ခိုင်းတဲ့ကြားက မအိပ်ပဲ ည12ကျော်ထိ တအားအားနဲ့ကြည့်နေသေးတာ တကယ် တကယ် အာ့လိုတွေမကြည့်နဲ့ လို့ပြောပြန်ရင်လည်း မကြိုက် ကောင်လေးနှစ်ယောက်မြင်ပြီ‌‌ဆိုလဲမကြိုက်  အခုဆို ပိုဆိုး စိုင်းရှိုင်း ဂရုထဲထည့်ထားသေးတယ် တစ်ခြားဂရုတွေထဲလည်း ထည့်ထားသေးတာ အခုဆို 4 5ခုလောက်ရှိနေပြီ ဟူးးးးး ပြောသေးတာက သူ့ကိုယ်သူ fudanshi‌‌ခေါင်း‌ဆောင် ပါတဲ့

"အင်းး ဟင့်    "

ဟော ဟော အသံပေးလာပြီ အသံပဲပေးတာ မနိုးလာဘူးဗျ  ပါးလေးတွေကလည်းတော်ဝင်ကျွေးလွန်းလို့ ဖောင်းကားနေပြီ တအား ကိုက်ပစ်ချင်တာ စကားပြောရင်လည်း နှုတ်ခမ်းလေးတွေက ဆူထွက်လာသေးတာ နမ်းဖို့လုပ်ပြန်ရင်လည်း မရ  အမြဲရှောင်ထွက်နေတုန်း နဖူးပဲနမ်းရင်း ဖြေဖျောက် ရစမြဲ ကိုယ်လည်းအသွေးနဲ့အသားနဲ့ဆိုသော်ငြား ကလေးလေးက ကြောက်နေစမြဲ ကိုယ်ကလဲ ချစ်ရသူဆိုတော့ ကလေးအလိုသာလိုက်ရင်း  လက်သမားလုပ်နေရတာပါပဲ

ကြွေငယ်( Complete ❤)Where stories live. Discover now