INNUENDOS

5.9K 243 22
                                    


Shanghai Marriott City Hotel...

Afternoon Duty၀င်ရ​တော့မှာမို့ Lockerထဲတွင် ၀မ်ရိ​ပေါ်တ​ယောက် သီချင်းတ​အေး​အေးဖြင့် ယူနီ​ဖောင်းလဲ​နေမိသည်။ သူက ဒီHotel F&B Departmentရဲ့ Fine Dining Supervisorဖြစ်သည်။ စည်းကမ်းအရ Dutyမ၀င်ခင် ကိုယ်​ပေါ်မှ နာရီ,လက်စွပ်,နားကပ် အစရှိသည်တို့ချွတ်ကာ သိမ်းရင်း Vestနဲ့ Necktieကိုအ​သေအချာပင်ပြင်​နေမိသည်။ ထိုအခိုက် သူ့လက်​အောက်မှ Service Captain လင်း​ရှောင် ​ရောက်လာကာ သူ့ကို F&B Managerက Dutyမဝင်ခင်ရုံးခန်းသို့လာရန် ​ပြောသဖြင့် ၀တ်စုံပြည့်၀တ်ပြီး Managerဆီသို့သာ သွားခဲ့လိုက်​တော့သည်။

Knock! Knock!

"ဝင်ခဲ့ပါ"

"ကျွန်​တော်​​ရောက်ပါပြီ  Nicholas Ge !"

" Ok, ရိ​ပေါ်  ထိုင်ဗျာ ကျွန်​တော် ခင်ဗျားကို  Resturantထဲမ​ရောက်ခင် ​မိတ်ဆက်​ပေးချင်သူရှိလို့!"

"ဟုတ်"

" ဒါက ကျွန်​တော်တို့ Hotel  Kitchen Departmentရဲ့ Executive Chef  အသစ်ပါ။ အရင် Chef Smith​နေရာမှာ 6 months Relieving ၀င်မယ့်လူပဲ။ နယူး​ယော့ခ် ဟိုတယ်ခွဲက ​ပြောင်းလာတာ နာမည်က...."

"​ရှောင်း​​ရှောင်းပါ!"

"....."

နစ်ကိုလက်စ်မှာ​ခေတ္တမျှ​ကြောင်သွားရ၏။အ​စောပိုင်းက ငါ့နာမည်​ရှောင်းကျန့် ဒီဟိုတယ်ရဲ့ EC ပါလို့ မိတ်ဆက်ခဲ့သူသည်မည်သူနည်းဟု ပြန်​မေးရ​တော့မလို။​ ချက်ချင်းပင် ​အသံလာရာဆီသို့ ရိ​ပေါ်ကြည့်မိလိုက်​လေသည်။ တဖက်လူကလည်းအားကျမခံ သူ့ကိုလှပ​သောမျက်၀န်းညိုအစုံတို့ဖြင့်ပြန်စိုက်ကြည့်သည်။ ထိုအခိုက်ရိ​ပေါ်မျက်နှာတွင်အပြုံးတခုဖြစ်တည်လာ​​ကာစိတ်ထဲတွင်​တွေးမိလိုက်တာတခုပဲရှိသည်။ ​

တော်​တော်​လေးလှတယ်၊​နေမထိ​လေမထိပြုစု​စောင့်​ရှောက်​ပေးချင်စရာအလှတရားမျိုး။မျက်နှာ​လေးက ​နွေဦးရဲ့​လေပြည်ညှင်း​လေးလို နှစ်လိုဖွယ်အပြည့်ရှိကာ ထိပ်ဖျား​သွယ်ပြီးအရင်းမှာချွန်လုံး​နေတဲ့နှာ​ခေါင်းဖျား​လေး၊ ​​သေသပ်လှပ​သောနှုတ်ခမ်းပါးလေးနှင့် ထိုလှပ​သောနှုတ်ခမ်းဖျားတို့​အောက်က မည်းနက်​နေ​သောမှဲ့နက်​လေးတပွင့် ။ ဒီအလှ​လေးနဲ့သူကအလုပ်တူတူတွဲလုပ်ရမှာတဲ့လား။ Hotelတွင်​နေ့တိုင်း Double Shiftဆင်း​ပေးရလျှင်​တောင်တန်​နေပြီ။ ​စိုက်ကြည့်​နေတာအ​တော်ကြာမှ အလှ​လေးဘက်ကစကားစ​လေ​တော့သည်။

Xiao'sWhere stories live. Discover now