Irresistible

2.9K 170 22
                                    

Irresistible: too attractive and tempting to be resisted

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Irresistible: too attractive and tempting to be resisted.....

Suggestion Song- Collide.Justin Skye

Mediaက သီချင်းကို နား​ထောင်ဖြစ်​အောင်​ထောင်ပါ။

•••••••••••••••••••••••••••••••

​​ရှောင်းကျန့်က၀မ်ရိ​​ပေါ်ကို သည်းမခံနိုင်​လောက်​အောင်ချစ်မြတ်နိုးရပြီး ၀မ်ရိ​ပေါ် ရဲ့ဆံစဖျားက​နေ​ခြေ​ထောက်နုနု​လေး​တွေအဆုံးသည်းမခံနိုင်​လောက်​အောင်အလုံးစုံ သူတစ်ဦးတည်းသာပိုင်ဆိုင်ချင်​လေပြန်ရဲ့။ ပြီး​တော့....

ရှောင်းကျန့်ကသူ့ရဲ့အရသာရှိလှတဲ့ matcha cupcakes bo bo လေးကို မြည်းစမ်းကြည့်ရဖို့နည်းနည်းမှမ​စောင့်နိုင်​တော့ဘူး​လေ။

2023 March 25 Afternoon at Shanghai~~~

2022အတွက် Weibo Night Eventကို 2023 မတ်လ ရှန့်ဟိုင်မှာကျင်းပတာမို့ ပွဲကိုဖိတ်ကြားခံရသူ မင်းသားမင်းသမီးအများစုဟာ မိမိနဲ့သက်ဆိုင်တဲ့ ဧရိယာအတွင်း photoshootလုပ်​နေကြတာမို့ အ​ရောင်အ​သွေးက​တော့စုံလှသည်ဟုဆိုရမည်ပင်။ တကယ့်နာမည်ကြီးဒိတ်ဒိတ်ကြဲ​တွေတက်ကြမည့်ပွဲမို့ပွဲကျင်းပရာအပြင်ဘက်တွင်ပရိတ်သတ်အင်အားများကမနည်း။ ​နွေရာသီ​ရောက်လုပြီမို့ရာသီဥတုက​တော့မသက်သာလှ အထူးသဖြင့်​ရှောင်းကျန့်လိုအပူဒဏ်မခံနိုင်သည့်သူကပိုဆိုးသည်။ တမင်​ရွေးချယ်ကာ၀တ်ထားသည့် Elle Saab Brand Trench Coat အနားစကို တချက်ခါထုတ်ရင်း​လေပူတချို့မှုတ်ထုတ်မိသည်။ သူက​တော့ခုနက​လေးမှ photoshootပြီးသည်မို့ အနားယူ​နေရာရှိ ဆိုဖာ​ပေါ်တွင် ရှည်လျားလှ​သော​ခြေတံတို့ကို ဆန့်ကာထိုင်ရင်းမန်​နေဂျာဆီမှဖုန်း​တောင်းကာစာတိုပို့ရပါတယ်။

" မလာ​သေးဘူးလား? ​ပေါင်​ပေ့ "

Wechat iconမှာ​ပေါ်​နေ​သော typingအစက်က​လေးကို အသဲယားစွာတချက်တို့မိ​​သေး။ သူကသူ့ရဲ့ ​ပေါက်စီလုံး​လေး၊၀က်သား​ပေါင်း​လေးကိုဘယ်​လောက်​တောင်မှအသဲတယားယားနှင့်ချစ်မြတ်နိုးရပါသလဲ​လေ။ လူအ​ကောင်မမြင်​ရ​သေးပဲ စိတ်ကူးနဲ့တင် ခန္ဓာကိုယ်​သေး​သေး​လေးကိုဖျစ်ညှစ်​နေနှင့်ပြီးပြီ။

Xiao'sWhere stories live. Discover now