Chapter 10 : Part 2

2.7K 442 7
                                    

Unicode

စူးယိရန်ဗိုက်က ဆာလွန်းလို့ တဂွီဂွီပင် မြည်နေချေလေပြီ။ သူက ထမင်းအိုးတည်ရင်း ကုယွမ်းကို မေးလိုက်သည်။

"ကျွန်တော်တို့ ဘာချက်ကြမလဲ"
    
ကုယွမ်းထင်က ဆိုသည်။

"အာလူးနဲ့ဝက်သားကို အပြားလေးတွေလှီးပြီး ရော်ကြော်မယ်။ မြန်မြန်ချက်လို့ပြီးတာမျိုးလေးပေါ့"
    
စူးယိရန်က ပြောလိုက်ပြန်သည်။

"ကောင်းသားပဲ။ ကျွန်တော် ကြာစွယ်ကြော်တာလဲ စားချင်သေးတယ်။ ပြီးရင် တို့ဖူးကြော်ရယ်၊ ခရမ်းချဥ်သီးနဲ့ကြက်ဥရယ်ရောပြီး စွတ်ပြုတ်လုပ်ရအောင်။ တို့ဖူးက မြန်မြန်စားမှဖြစ်မယ်။ ရေခဲသေတ္တာထဲမှာ လွယ်လွယ်နဲ့ပုပ်သွားနိုင်တယ်"
    
ကုယွမ်းထင် : "ကောင်းပြီ"
    
သူက ရေခဲသေတ္တာထဲကနေ အာလူးသုံးလုံးယူကာ ကုယွမ်းထံကို ကမ်းပေးလိုက်သည်။ ကုယွမ်းထင်က အာလူးတွေကိုလှမ်းယူကာ အမှိုက်ပုံးဘေးမှာရပ်၍ အခွံနွှာနေလိုက်သည်။

စူးယိရန်က တို့ဖူးကိုထုတ်ကာ ရေဆေး၍ စစ်ထားပြီး အတုံးလေးတွေလှီးကာ အရင်ကြော်ဖို့လုပ်လိုက်သည်။
    
ဒယ်ပိုင်းထဲကို ဆီထည့်ကာ အပူချိန် အသင့်အတင့်ထားရင်း တို့ဖူးတုံးလေးတွေကို အသာအယာထည့်လိုက်သည်။တို့ဖူးအောက်ခြေက ရွှေဝါရောင်သမ်းလာသည်ထိစောင့်ပြီးနောက် မွှေးရနံ့လေးကပါ ထွက်လာ၏။ထို့နောက် တစ်ဖက်လှန်ကာ နှစ်ဖက်လုံး ရွှေဝါရောင်သမ်းအောင် စောင့်လိုက်သည်။ ပြီးမှ ပဲငံပြာရည်၊ ဆီ၊ သကြားနှင့် ရေတစ်ဝက်ထည့်လိုက်သည်။ နောက်ဆုံးတော့ ဆော့စ်လုပ်၍ပြီးသွားပြီဖြစ်ကာ အပြင်ပိုင်းကြွပ်ရွ၍ အတွင်းပိုင်းနူးညံ့သော တို့ဖူးကြော်တစ်ပန်းကန် အဆင်သင့်ဖြစ်သွားချေလေပြီ။
    
သူ တို့ဖူးကြော်နေချိန် ကုယွမ်းထင်က သူ့နံဘေးကနေ အားလူးအချပ်လေးတွေလှီးကာ ကြာစွယ်ကို အခွံသင်၍ လှီးနေပြီဖြစ်သည်။
    
နှစ်ယောက်သားက မီးဖိုထဲမှာ အတူတကွချက်ပြုတ်ကာ ရံဖန်ရံခါစကားစမြည်ပြောနေခဲ့ကြသည်။ ဟင်းနံ့နှင့်ရောနေသော မီးခိုးနံ့နှင့်အတူ လေထုက သာမန်ဆန်၍ နွေးထွေးလို့နေလျက်သား။
    
ဟင်းပွဲတွေက အမြန်အဆန်ပင် အဆင့်သင့်စြစ်လာသည်။ စူးယိရန်က ဟင်းပွဲသုံးပွဲနှင့် စွတ်ပြုတ်တစ်ပွဲကို ဧည့်ခန်းထဲက ထမင်းစားစားပွဲပေါ်တင်လိုက်သည်။ ကုယွမ်းထင်က မီးဖိုထဲကနေ ထမင်းပန်ကန်နှစ်လုံးယူကာ အပြင်သယ်လာ၏။
    
သည်နေ့ချက်သည့် ဟင်းလျာတွေက အလွန်အရသာရှိသည်။ စူးယိရန်၏ ဗိုက်က ဖောင်းကားနေ၏။
    
စားသောက်ပြီးနောက် စူးယိရန်က စားပွဲကိုသန့်ရှင်းရေးလုပ်ကာ ကုယွမ်းထင်ကတော့ အိုးနှင့်ဒယ်ပိုင်းတွေကို တိတ်တဆိတ်ဆေးကြောနေသည်။
    
သူ့အလုပ်ပြီးသွားတော့ စူးယိရန်က ဆိုဖာပေါ်မှာ ပိုးလို့ပက်လက်လှဲကာ တီဗွီကြည့်သည်။ သူ သည်နေ့အစားများသွားသည်ဟု ခံစားမိကာ လှုပ်ဖို့တောင် အတော်ပျင်းရိနေ၏။
    
သူက ကုယွမ်းထင်ကို အော်ခေါ်လိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now