3

1K 110 24
                                    

" ဝါး ဒယ်ဒယ်အိမ်က bat man အိမ်
ကြီးကျနေတာပဲ မိုက်လိုက်တာ "

ဂျီမင်လေး အံ့ဩသင့်ပါ သည် ။ဂျွန်စံအိမ်က ဧကပေါင်းများစွာ ကျယ်ဝန်းပြီး
ခေတ်မှီလက်နက်တိုက်၊ခေတ်မှီယာဉ်
တွေ စံအိမ်ပေါင်းမြောက်များစွာ နဲ့
စားဖိုဆောင် စသည်ဖြင့် မြောက်မြား
စွာသော အဆောင်များဖြင့် တည်
ဆောက်ထားသောနေရာဖြစ်သည် ။

" ဘယ်သိနိုင်မလဲ ဒယ်ဒီက သူ့ထက်
ပိုချမ်းသာရင် ချမ်းသာမှာပေါ့
မဟုတ်ဘူးလား "

ကားပေါ်မှာ တစ်ချိန်လုံးအိပ်လာသည့်
ကလေးသည် အောက်ရောက်သည့်နှင့်
ပွစိပွစိ ထလုပ်တော့သည် ။

သူ့ချမ်းသာမှုတွေကို ဒီကလေးက သဘော
ကျနေလို့ သူကျေနပ်မိ့သည် ။

" အဲ့လိုဆိုရင်တော့ ဒယ်ဒီနားအမြဲ
နေရမှာပဲ "

ဂျောင်ကု ပါးစောင်ကို လျှာနဲ့တစ်ချက်
ထိုးလိုက်ပြီးနောက် နှုတ်ခမ်းစွန်းတစ်
ဖက်ကမြင့်တက်သွားလေသည် ။

ဒီကလေး ပြောချင်တာက သူ့ကိုအပိုင်
ဖမ်းထားရမည် ဆိုသည့်အဓိပ္ပာယ်
သက်ရောက်သည်မလား ။

" မင်းသဘောကျရင် ဒယ်ဒီကို
မင်းလက်ထဲကမလွတ်အောင် လုပ်လေ "

" ခုကစပြီးဒယ်ဒီက ဂျီမင်တစ်ယောက်
ထဲကိုချစ်ပေးသူပဲ ဖြစ်ရမယ် "

အဟား!မင်းလေးက မင်းအပိုင်လို့
ပြောချင်တာပေါ့လေ ။

" မင်းကိုရေချိုးပေးရမယ် မင်ဖက်ထုပ်"

ဂျီမင်က သူပြောသည်ကိုတောင်
ကြားဟန်မ‌ပေါ် အရာအားလုံးကိုအလေး
နက်ထားပြီး စေ့စေ့စပ်စပ်လိုက်ကြည့်
နေလေသည် ။

ကာရက်နဲ့ချီတဲ့ ရွှေရည်လိုင်းတွေနဲ့
တည်ဆောင်ထားတဲ့ အိမ်က ကလေးမျက်လုံးထဲကျ တလက်လက်ဖြစ်နေတာမျိုး။

အင်း အဲ့တာကိုသူသဘောကျတာနေမှာ။

" ဒယ်ဒီမင်းအခန်းကို လိုက်ပြမယ် "

ကျွန်းလက်ရန်းတွေနဲ့ ရွှေရောင်ကြွေပြား
ကပ်ထားသည့် လှေကားကြီးရဲ့ညာဘက်
က ဘေဘီမင် အခန်းဖြစ်ပြီး ဘယ်ဘက်
က ဒယ်ဒီဂျွန်အခန်း ဖြစ်လေသည် သူတို့
နှစ်ယောက်ရဲ့ အလည်တည့်တည့်မှာတော့
ကျွန်းလှေကားတည်ရှိလေသည်။

𝙳𝚊𝚍𝚍𝚢 𝙹𝚎𝚘𝚗'𝚜 𝙼𝚊𝚛𝚜𝚑𝚊 (ဂျွန်ပိုင်သောအမွှေစိန်လေး)Where stories live. Discover now