4

1.3K 85 12
                                    

“ ဒယ်ဒယ် ဒယ်ဒယ် ဂျွန် ”

အလုပ်သွားခါနီး အသည်းအသန်
သူ့ဆီပြေးလာသော သူ့သဲညှာလေးကို
ရောက်လေရာ နေရာကနေ ရပ်စောင့်
နေလိုက်သည် ။

အခုမှအိပ်ယာနိုးလာသော မင်ငယ်လေး
ပါလေ ဆံပင်တွေရှုပ်ပွနေပြီး အဝအိပ်
‌ထားတာကြောင့် ပါးဖောင်းဖောင်းလေး
နှစ်ဖက်ကကိုတောင် ဖောင်းနေသေးသည်။

“ ဂျွန် မေ့နေတယ်! ဂျွန် မင်ငယ်ကို့
မေ့တယ်  ”

“ ကိုယ်ဘာမေ့တာ ”

“ မနေ့က ဂျီမင်ပြောတယ်လေ ဒယ်ဒယ်
ဂျွန်အလုပ်သွားခါနီးတိုင်း အာဘွားပေး
ပြီးမှသွားရမယ်ဆိုတာ ”

နောက်နာနီက လာချီဖို့လုပ်သည့် လက်ကို
မင်ငယ်က ဖျန်းကနဲ ပုတ်ထုတ်ပစ်သည် ။

ဂျောင်ကုလည်း အံ့ဩပြီး စိုက်ကြည့်
နေလိုက်သည် သူ့ကလေး ဘာလုပ်လုပ်
သူက ပြောမည့်သူမဟုတ် ။

“ ဒယ်ဒယ်ဂျွန်ကလွဲပြီး ဂျီမင်ကိုမချီရဘူး
ဟင့်ဟင့် ”

ဂျောင်ကုလည်း သက်ပြင်းတစ်ချက်ချ
လိုက်ကာ နာနီကိုလက်ခါပြလိုက်သည်။

တင်ပါးလေးကနေလျှို သွင်းကာလက်တစ်
ဖက်ထဲဖြင့် ချီလိုက်ပြီး စိတ်ရှုပ်စရာကောင်းသော သူ့အကောင်ပေါက်ရဲ့
မျက်ကည်တွေကို နှုတ်ခမ်းနဲ့ဖယ်ရှားလိုက်
ပြီး နဖူးလေးကိုဖိကပ်နမ်းလိုက်သည် ။

“ မဆိုးရဘူးနော်ဂျီမင် ”

“ ဒယ်ဒီသွားရင် မင်ငယ်ကပျင်းပြီး
ကျန်ခဲ့တော့မှာပေါ့ ”

“ ယွန်းငယ်နဲ့ဆော့မလား ကင်မ်ယွန်းဂီ
ကိုခေါ်ပေးမယ် ”

“ ခေါ်ပေး ခေါ်ပေး ”

သူ့ ဂျွန်ဂျီမင်လေးရဲ့ ပါးလေးကိုဖိကပ်နမ်း
ကာ ထယ်ယောင်းဆီဖုန်းခေါ်လိုက်သည်။

ဂျီမင်လေးကတော့ သူဘာပြောမည်ကို
နားစွင့်နေဟန်တူသည် သူ့ရင်အုပ်အကြီး
ကြီးကို ညာလက်လေးနဲ့ကိုင်ကာ ပါးလေး
နဲ့ဖိကပ်ထားသည် ။

“ ‌အင်းထယ်ယောင်းလား ”

“ အေးပြောလေဂျောင်ကု ”

“ ငါ့ကလေးဂျီကျနေလို့ မင်းငါ့အိမ်မှာ
မင်းအသေးလေးကိုလာပို့ထားပေး
မလား ”

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

𝙳𝚊𝚍𝚍𝚢 𝙹𝚎𝚘𝚗'𝚜 𝙼𝚊𝚛𝚜𝚑𝚊 (ဂျွန်ပိုင်သောအမွှေစိန်လေး)Where stories live. Discover now