Part - 8

1.3K 56 0
                                    

Part - 8

တစ်ပတ်အတွင်း Melar Hotel မှာ Bell Boy ရာထူးနဲ့ ခမ်းအလုပ်ရခဲ့လေသည် ။ နိုင်ငံခြားမျိုးရိုးစပ် ​ဖြစ်သည့် မျက်လုံးအပြာလေးတွေ ပိုင်ဆိုင်ထားသည့် ခမ်းက လူတိုင်း အားကျစရာ ခန္တကိုယ်နှင့် အရပ်အမောင်းနှင့်မို့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကြားထဲ မျက်နှာရခဲ့သည် ။

ဟိုတယ်ကိုလာသည့် ဧည့်သည်အများစုထဲ တရုတ်မတွေက ခမ်းကိုမြင်သည်နှင့် ဖျက်ဖျက်ကိုလူးလို့ပင် ။
Bell Boy ဌာနကလည်း Receptionist ဌာနနှင့် တစ်ခုတည်းဖြစ်ပြီး Reception မှ စီနီယာရာထူးနှင့် သရဖီကလည်း ခမ်းကိုပင် သဘောကျနေသေး၏။ 

ပိုဆိုးသည်မှာ ခမ်း၏အဆောင်က သရဖီတို့ ရပ်ကွက်ထဲမှာပင် ။ ခမ်း အလုပ်ဆင်းသည့်ရက်တွေအတွင်း သရဖီက စက်ဘီးနောက်က နှစ်ရက်လောက်ပါသေး၏။ ဒီနေ့လည်း duty တူသည်မို့ အတူတူပြန်မယ်နော် ဟု ပြောသွားသေးသည် ။

ညနေစောင်း duty နားချိန်တွင် ဂျာကြီးမှ လူစုခိုင်းပြီး ဒေးဗစ်ပြောသွားဖူးခဲ့သည့်အကြောင်း ​ပြောလေ၏။

" အားလုံးသိတဲ့အတိုင်း  GM က ထွက်သွားတာကြာပြီဆိုပေမဲ့ ဥက္ကဌက GM အသစ် ထပ်မခံခဲ့ဘူး ။ ခု ရုတ်တရက်ကြီး မနက်ဖြန် MD အသစ်ရောက်လာလိမ့်မယ် ။ ခုတောင်လေယာဥ်ပေါ် ရောက်နေလောက်ပြီ ။  အသစ်လာတဲ့ MD က Melar Group ရဲ့သားကြီး စည်းကမ်းလည်း ကြီးသလို GM ရှိတုန်းက မလုပ်ခဲ့တဲ့ ရာထူးတိုး လျော့တွေလည်း လုပ်လိမ့်မယ်လို့ ထင်တယ် "

" အဲ့တော့ မင်းတို့အတွက် စည်းကမ်းချက် အသစ်တွေ ထပ်ချထားတယ် ။ ခု စည်းကမ်းချက်တွေကို HR ကိုပို့ထားပြီ ။မလိုက်နာရင် ဖြတ်လိုက်မယ် ။ ကောင်လေးတွေ အကျီကို မနက်ဖြန်ကစပြီး.ပိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်ရမယ်၊ ဆံပင်ပုံကျနေရမယ် ၊ နားကပ်တွေဖြုတ် ၊ ရုံးကပေးတဲ့ဖိနပ်ပဲစီး ။ ကောင်မလေးတွေ သနပ်ခါးဘဲကြားတွေ မလိုချင်ဘူး ၊ မျက်လုံးတွေ ကလပ်ရောက်နေသလို မဲနက်နေသလို နီရဲမလာစေနဲ့ ၊ ဆံပင် ဆံထုံးထုံး ကြားတယ်နော် "

အသစ်လာမဲ့ မန်နေဂျင်းဒါရိုက်တာဆီက အမှတ်ကောင်း လိုချင်တဲ့ဂျာကြီး သူ့ဝန်ထမ်းတွေအပေါ်  တင်းကြပ်စွာ စည်းကမ်းတွေချပြီးမှ ပြန်လွှတ်လေ၏။

ခမ်း ( Khám) Where stories live. Discover now