Chapter 11

2.7K 455 13
                                    

Unicode

    
နောက်တစ်နေ့မှာတော့ စူးယိရန်ဟာ မနက်ပိုင်း ဆိုင်ကိုသွားချိန် လမ်းဘေးကဒီဂျစ်တယ်စတိုးဆိုင်ကနေ Phone Stand တစ်ခုနှင့် မိုက်ခရိုဖုန်းတစ်ခုကိုဝယ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သုံးဖို့ ကြိုပြင်ဆင်ထားလိုက်သည်။
    
နေ့လည်နှစ်နာရီ ထိုးပြီးနောက် ဆိုင်ထဲမှာ ကာစတန်မာမရှိတော့ချေ။ထို့ကြောင့်သူက တိုက်ရိုက်ထုတ်လွှင့်ဖို့ စတင်ပြင်ဆင်လိုက်သည်။
    
တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းကိုစတင်ဖို့ဆိုတာ ခုခေတ်မှာတော့ လွယ်သွားပြီဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းမှာ အကောင့်တစ်ခုမှတ်ပုံတင်ကာ အစီအစဥ်တင်ဆက်သူအဖြစ်လျှောက်ထား၍ ဖုန်းတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးတစ်လုံးရှိရုံဖြင့် ရသည်ပင်။ တချို့ဆို မိုက်ခရိုဖုန်းတောင်မလိုကြ။ ဖုန်းဖြင့်ပင် တန်းပြီးတိုက်ရိုက်ထုတ်လွှင့်တတ်ကြသည်။
   
စတင်ရတာတော့ လွယ်ပါ၏။ သို့ငြားအောင်မြင်ဖြစ်ထွန်းအောင်လုပ်ဖို့က ခက်လေသည်။
    
စူးယိရန်ကတော့ အောင်မြင်ဖြစ်ထွန်းလာဖို့ မလျော့စတမ်းပေကပ် မကြိုးစားချင်။ သည်တိုင်း သဘာဝအလျောက်သာ တစ်ဆင့်ချင်း တိုးတက်သွားလျှင် ရပြီဖြစ်သည်။
    
သူဟာ မနေ့ကတည်းက သူ၏ အထောက်အထားအချက်အလက်များနှင့် တခြားသော အတည်ပြုချက်များကို တင်သွင်းကာ အစီအစဥ်တင်ဆက်သူလျှောက်လွှာမှာ ကလစ်နှိပ်ထားပြီးသားဖြစ်သည်။ သည်နေ့ Apple Live ထဲ လော့ဂ်အင် ဝင်ကြည့်လိုက်တော့ လျှောက်လွှာက အောင်မြင်သွားပြီဆိုတာ သိလိုက်ရသည်။ ခုဆို သူ့မှာ တိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍ၌ အစားအသောက်အမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်ပေးထားသောကိုယ်ပိုင် Live Room လေးရှိပြီဖြစ်သည်။
    
သူ တစ်ချက်တွေးကာ သည်နေ့ အိုက်ခရင်မ်ပါသည့်သာဂူပူတင်းလုပ်ဖို့ စီစဥ်ထားတာကြောင့် Live Room၏ နာမည်ရှေ့မှာ ထပ်ဖြည့်ကာ [ကျောက်ကျောမဲပါတဲ့ အရသာရှိတဲ့ပိန်းဥလုံး အချိုပွဲနဲ့ လွယ်ကူသက်သာတဲ့ ပူတင်းလုပ်နည်း -ငါ့မိသားစုရဲ့ ယိထင် အချိုပွဲ]ဟု ရေးလိုက်၏။
    
မနေ့က စီနီယာအစ်မဖြစ်သူက တိုက်ရိုက်ထုတ်လွှင့်ဖို့ စတင်ဖို့မေးမြန်းခဲ့စဥ်က စူးယိရန်က သူမအား ဝီချတ်မက်ဆေ့ပို့ခဲ့ရာ သူမက အမြန်စာပြန်လာခဲ့သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now