အခန်း 42- မာမီ၊ အဖွားကိုကယ်ပေးပါ

7 0 0
                                    

Unicode

ထိုနေရာက ကမောက်ကမဖြစ်နေ သည်။ အရေးပေါ်ဆေးကုသပေးနေသည့် ဆရာဝန်များနှင့် သူနာပြုတွေရဲ့အသံကို အခန်းထဲကနေ ကြားနေရသည်။

"အမေ!"

"အဖွား!"

"ဖွားဖွား!"

ဂျပ်စတင်၏ ဦးလေးမိသားစုတို့ သည် မျက်ရည်တွေဝဲနေကြကာ
သူတို့အားလုံးကငိုယိုပြီး စိတ်မကောင်းဖြစ်နေဟန်တူသည်။

"ပါးစပ်ပိတ်ထား!" ဂျပ်စတင်က ပြင်းပြင်းထန်ထန် ဟောက်လိုက်၍ သူတို့၏ငိုသံက ချက်ခြင်းရပ်သွားခဲ့သညါ။ ဂျပ်စတင်၏ ဒုတိယဦးလေး ရေမွန်ဟန့် က ချက်ချင်းအပြစ်တင်စကား ပြောလာသည်။ " ဂျပ်စတင်၊ မင်းကသွေးအေးနေလို့ မငိုရင်လည်းနေပါ မင်းဘာလို့တား..."

ဂျပ်စတင်က သူ့ကိုစူးစူးရဲရဲအကြည့်ကိုပေးကာ ခပ်မာမာပြောလိုက်သည်။ "အဖွားက မသေသေးဘူး!"

ရေမွန်သည် ဂျပ်စတင်ကြောင့်အ လွန်ထိတ်လန့်သွားသဖြင့် သူပြောမည့်စကားများက သူ့လည်ချောင်းထဲတွင် ပြန်လည်နစ်မြုပ်သွားခဲ့သည်။ သူ့မိသားစုလည်း တဖြည်း ဖြည်းငိုယိုနေသည်ကနေ ရပ်သွားကြသည်။

ဂျပ်စတင်က သူ့နှုတ်ခမ်းတွေကို ဖိကိုက်ထားပြီး လူနာဆောင်ထဲကို စိုက်ကြည့်နေသည်။

ဖိစ် ၏ ခန္ဓာကိုယ်သေးသေးလေးသည် တုန်ရီလာသည်။ သူ့အသက် အရွယ်အရထက်မြက်ပြီး လျင်မြန်သည့်ဉာဏ်ရှိသူလို လူတစ်ယောက်တောင်မှ အခုချိန်မှာဘာလုပ်ရမှန်း မသိတော့ပေ။ ဂျက်စတင်သည် သူ(ဖိစ်)၏ထိတ်လန့်မှုကို ခံစားလိုက်ရသဖြင့် သူ(ဂျပ်စတင်) ၏ နွေးထွေးသောလက်ကြီးကို သူ့ပခုံးပေါ် တင်လိုက်သည်။

ဖိစ် သည် တဖြည်းဖြည်းစိတ်ငြိမ်သွားသည်။ သူလှည့်ကြည့်လိုက်တော့ ဂျပ်စတင်က သူ့ကိုအပေါ်ကနေ ငုံ့ကြည့်နေတာကိုချက်ချင်းတွေ့လိုက်ရသည်။ ဂျပ်စတင်က နူးညံ့ ပျော့ပျောင်းသောအသံဖြင့် ပြော သည်။ "ဖိစ် မကြောက်နဲ့ "

ဖိစ် ၏မျက်လုံးများ နီရဲလာကာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် နိုရာသည် လူနာဆောင်ထဲသို့ လျှောက်သွားခဲ့သည်။ သူမက ဖိစ် ကိုတစ်ချက်ကြည့်လိုက်သည်။ သူမသည် လေယာဉ်ပေါ်တွင်အိပ်ရန် လိုအပ်တာကြောင့် သူမက ချယ်ရီနှင့်အတူ အခန်းထဲမှာ တစ်ချိန်လုံးနေခဲ့ပြီး ဂျပ်စတင် နဲ့သူ့သားကို စကားစမြည်ပြောဆိုခြင်းမရှိခဲ့ပေ။

စေ့စပ်ပွဲဖျက်ပြီးနောက် စွဲမက်ဖွယ်ကောင်းလာတယ် (၁)Where stories live. Discover now