𝖫𝗈𝗏𝖾 𝖸𝗈𝗎 𝖳𝗐𝗂𝖼𝖾• [𝖩𝖺𝗒𝗄𝖾]

1K 104 21
                                    


"Love You Twice"

ဆေးရုံခန်းတစ်ခန်းမှာ သာမန်ထက်ထူးကဲစွာ လူတွေပြည့်ကာစည်ကားနေတယ်။ စိတ်မကောင်းရမဲ့ ကိစ္စကြောင့် ဒီလို လူစုနေတာလားဆိုတော့ မဟုတ်။ အကုန်လုံးက ရင်တွေခုန်၊စိတ်လှုပ်ရှားကာ တစ်ခုခုကို စောင့်မျှော်နေကြတယ်။ စကားတွေပြောရင်း မုန့်တွေစားရင်း...၊ VIP သီးသန့် ဘန်ဂလိုနဲ့အခန်းဖြစ်တာမို့ အသံတွေကြောင့် တခြားသူ အနှောင့်အယှက်ဖြစ်မှာကိုတော့ သိပ်မပူရ။

ထိုထဲတွင် ၇လသားအရွယ် ကလေးလေးကလဲ လူကြီးတွေကို မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ကြည့်ကာ ဘာမှန်းမသိပေမဲ့ လူကြီးတွေမျှော်တာကို သူလဲ ပန်းသီးစိတ်လေးကိုက်ရင်း လိုက်မျှော်နေမိတယ်။ ၇လသားပေမဲ့ သွက်တဲ့ကလေးဖြစ်တာမို့ သူ့ဟာသူ အေးဆေးထိုင်နိုင်ကာ လမ်းလျှောက်စပြုနေပြီဖြစ်တဲ့ ကလေးလေး။

'ဂျုံဆောင်း' အဲ့ကလေးလေးနာမည်က 'ပတ်ခ်ဂျုံဆောင်း'တဲ့..

ခုသူတို့အားလုံး ဆေးရုံခန်းမှာ စုနေရတဲ့အကြောင်းအရင်းက ပတ်ခ်မိသားစုနဲ့ နှစ်အိမ့်တစ်အိမ် ဆွေမျိုးတွေလိုရင်းနှီးနေတဲ့ ရှင်းမ်မိသားစုရဲ့ သားငယ်လေးကို မီးဖွားမဲ့နေ့မို့လို့ပင်။ မိခင်က ကလေးမွေးခန်းထဲ နာကျင်မှုတွေကို အံတုကာ ကလေးလေးကို လောကကြီးထဲခေါ်နေပြီမို့ ကျန်တဲ့သူတွေက ရင်ခုန်စွာစောင့်မျှော်နေကြခြင်း။

ကလေးမွေးရင် လူနာလာကြည့်တာ၊ ကလေးလာကြည့်တာ ပုံမှန်ပေမဲ့ ခုလို လက်ဆောင်ကြီး၊ငယ်တွေယူလာပြီး မိသားစု အုပ်စုလိုက် ကလေးလေး လောကကြီးထဲကို ရောက်လာတာကို လာစောင့်နေကြတယ်ဆိုတာကတော့ ရှားလိမ့်မယ်လို့ထင်တယ်။ ကလေးလေးက မမွေးခင်ကတည်းက လူချစ်လူခင်ပေါတဲ့ ဆုတောင်းကို တောင်းစရာမလိုပဲ ပြည့်ပြီးသားထင်တယ်။

အခန်းတံခါးဖွင့်ကာ မွေးခန်းထဲကခုမှ ထွက်လာတဲ့ လူနာကိုတင်ထားတဲ့ကုတင်ကို အခန်းထဲတွန်းထည့်လာတော့ လူတွေအားလုံး အလိုက်တသိ လမ်းဖယ်ပေးကြတယ်။ မွေးခန်းထဲက ထွက်ခါစမို့ အရမ်းချမ်းနေတဲ့အပြင် နိုဝင်ဘာလ ဆောင်းရာသီမို့ ရာသီဥတုဟာလဲ အေးစိမ့်စိမ့်ဖြစ်နေပြီ။ လူနာကုတင်ပေါ်မှာ ဆေးရုံကပေးတဲ့ မွေ့ယာအပြင် နွေး"ထွေး" ဖြစ်စေရန် မွေ့ယာတစ်ထပ်က ထပ်ထားပြီးသား။ လူနာကိုလဲ စောင်နွေးနွေးတွေ သေချာခြုံပေးကာ တစ်ယောက်တစ်မျိုး အလုပ်ရှုပ်နေကြတယ်။

𝖯𝗎𝗉𝗉𝗒'𝗌𝖳𝖺𝗅𝖾𝗌•[𝖩𝖺𝗄𝖾 𝖢𝖾𝗇𝗍𝗋𝗂𝖼 𝖲𝗁𝗈r𝗍s]Where stories live. Discover now